ရိုးမားအသင်း၏ အီတလီဝါရင့်တိုက်စစ်မှူး အယ်လ်ရှာရာဝီ (၃၁ နှစ်)က အသင်းမှထုတ်ပယ်ခံခဲ့ရသည့် နည်းပြဟောင်း ဒီရော့ဆီနှင့်ပတ်သက်၍ ပရိသတ်များ၏ စွပ်စွဲမှုများအပေါ် တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
ရိုးမားအသင်းသည် ယခုရာသီအစ ရလဒ်ဆိုးများကြောင့် အသင်းနည်းပြ ဒီရော့ဆီအား ပြီးခဲ့သည့် စက်တင်ဘာ (၁၈)ရက်နေ့က ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ခရိုအေးရှားလူမျိုးနည်းပြ အီဗန်ဂျူရစ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။
ရိုးမားအသင်းသည် နည်းပြဟောင်း ဒီရော့ဆီလက်ထက်တွင် ရာသီအဖွင့် စီးရီးအေ (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သော်လည်း ဒီရော့အား ထုတ်ပယ်ပြီးနောက် ဂျူရစ်လက်ထက် ပထမဆုံးကစားသည့် စီးရီးအေပွဲစဉ်တွင်မူ အူဒီးနီးစ်အသင်းအား (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပရိသတ်များက ကစားသမားများအနေဖြင့် နည်းပြဟောင်းဖြစ်သူ ဒီရော့ဆီအပေါ် လေးစားမှုမရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့ပြီး လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒီရော့ဆီသည် ရိုးမားအသင်းနှင့် ပရိသတ်အချစ်တော် ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ခဲ့သလို၊ နည်းပြအဖြစ် တာဝန်ယူချိန်၌လည်း ပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။
ယခုကဲ့သို့ ပရိသတ်များ၏ ဝေဖန်မှုအပေါ် အယ်လ်ရှာရာဝီက ''ကျွန်တော်တို့အတွက် အနိုင် (၃)မှတ်ရယူဖို့ကပဲအရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာတော့ ရလဒ်တွေဆိုးရွားလေ့ရှိပြီး နည်းပြတွေအနေနဲ့ ဒီအခြေအနေကို သိရှိနားလည်ထားမှာပါ။ ကျွန်တော်တို့ကစားသမားတွေအနေနဲ့ကတော့ ရလဒ်တွေနဲ့ပတ်သက်ပြီး တခြားရည်ရွယ်ချက်မျိုး မရှိပါဘူး'' ဟု အူဒီးနီးစ်အသင်းအား အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
