Top News

မာဆေးလ်အတွက် ခြေစွမ်းပြနေသည့် ဂရင်းဝုဒ်အား ခေါ်ယူရန် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ အပြိုင်ပစ်မှတ်ထား
24htopnews | September 23, 2024 6:12 PM CST

စပိန်ထိပ်သီးကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့သည် မာဆေးလ်အသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသည့် အင်္ဂလန်တောင်ပံကစားသမား မေဆန်ဂရင်းဝုဒ် (၂၂ နှစ်)အား ခေါ်ယူရန်အတွက် အပြိုင်ပစ်မှတ်ထားနေကြောင်း သိရသည်။

မန်ယူအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ ဂရင်းဝုဒ်သည် ပုဂ္ဂိုလ်ရေးပြဿနာကြောင့် ၂၀၂၂ ခုနှစ်ကတည်းက မန်ယူအသင်းကြီးအတွက် ပွဲကစားခွင့်မရရှိတော့ဘဲ ပြီးခဲ့သည့် ၂၀၂၃ -၂၄ ရာသီက လာလီဂါကလပ် ဂီတာဖေးအသင်းတွင် အငှားသွားရောက်ကစားခဲ့သလို၊ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဂရင်းဝုဒ်သည် မာဆေးလ်အသင်းအတွက် ယခုရာသီ ပြင်သစ်လီဂူးပွဲစဉ် (၅)ပွဲကစားပြီးချိန်တွင် (၅)ဂိုးအထိသွင်းယူပေးထားသလို ၎င်း၏ခြေစွမ်းနှင့် အလားအလာကြောင့် ထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

ဂရင်းဝုဒ်သည် မာဆေးလ်အသင်းနှင့် ၂၀၂၉ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းအားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၄၀)အထိ အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK