ကျွန်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အန်နူရာ ကူမာရာ ဒစ်စနေယာကေး အနိုင်ရခဲ့သည်ဟု သီရိလင်္ကာရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး(JVP) နှင့် အမျိုးသားလူထုအင်အား(NPP) ညွှန့်ပေါင်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် မာ့စ်ဝါဒယိမ်းသူသည် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၄၂ ဒဿမ ၃၁ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကော်မရှင်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
စနေနေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရမ်မာဒါဆာက မဲအရေအတွက် ၃၂ ဒဿမ ၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
၂၀၂၂ ခုနှစ် စီးပွားရေးပြိုလဲကာလတွင် ရာထူးရယူခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ချေးငွေဆိုင်ရာ မူဝါဒအရ တိုင်းပြည်ကို ချိုးခြံချွေတာရေးမူဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သော ရာထူးနုတ်ထွက်တော့မည့် သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းမှာမူ မဲအရေအတွက် ၁၇ ဒဿမ ၂၇ ရာခိုင်နှုန်းဖြင့် တတိယနေရာသာရခဲ့သည်။
သီရိလင်္ကာနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး သမ္မတလောင်းနှစ်ဦးသည် မဲ ၅၀ ရာခိုင်နှုန်းသတ်မှတ်ချက်ကို မရရှိခဲ့သောကြောင့် ဒုတိယအကျော့ ရေတွက်မှုဖြင့် သမ္မတရွေးကောက်ပွဲကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၏ အဆိုအရ ရွေးကောက်ခံသမ္မတ ဒစ်စနာယာကေးသည် တနင်္လာနေ့တွင် ကိုလံဘိုမြို့ရှိ ကိုလိုနီခေတ် သမ္မတရုံးတွင် ကျမ်းကျိန်ဆိုရန် မျှော်မှန်းထားကြောင်း သိရသည်။
Ref: အယ်ဂျာဇီးယား
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
