မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း သွားရောက်ကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသည် ရေကြီးနစ်မြုပ်မှုများကြောင့် ကစားရမည့်ပွဲစဉ်များကို ရွှေ့ဆိုင်းထားရကြောင်း သိရသည်။
တိုင်ဖွန်းရာဂိမုန်တိုင်းကြောင့် အရှေ့တောင်အာရှဒေသတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေလျက်ရှိပြီး ထိုင်းနိုင်ငံတွင်လည်း ခရိုင် ၆ ခရိုင်၌ ရေဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။
ယင်းခရိုင် ၆ ခရိုင်တွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း သွားရောက်ကစားနေသည့် ချင်းရိုင်ယူနိုက်တက်အသင်း၏ ချင်းရိုင်ခရိုင်လည်း ပါဝင်နေလျက်ရှိသည်။
ဝင်းနိုင်ထွန်း၏ ချင်းရိုင်ယူနိုက်တက်အသင်း အိမ်ကွင်းဖြစ်သည့် လီယိုချင်းရိုင်အားကစားကွင်းအပါအဝင် ကစားသမားများ၏ နားနေခန်း၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမများ အစရှိသည့် အသင်း၏အဆောက်အဦများအတွင်းသို့ ရေများဝင်ရောက်နေသောကြောင့် ကစားရမည့်ပွဲများကို ရွှေ့ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။
ချင်းရိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်က ပရာချွတ်အသင်းနှင့် သရေကျခဲ့သည့်ပွဲကို နောက်ဆုံးကစားထားပြီး စက်တင်ဘာ ၂၉ ရက်မှသာ ပွဲပြန်ကစားရန် စီစဉ်ထားကာ လက်ရှိတွင်မူ အသင်းမှာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
