လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ယခုထက် ထိန်းချုပ်နိုင်စွမ်းရှိသင့်သည်ဟု တန်ဟက်ဂ် ပြောကြား
24htopnews | September 23, 2024 7:12 PM CST
မန်ယူနည်းပြ တန်ဟက်ဂ်က အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ယခုထက် ထိန်းချုပ်နိုင်စွမ်းရှိသင့်သည်ဟု ပြောကြားခဲ့သည်။
လီဆန်ဒရိုသည် ပဲလေ့စ်နှင့်ပွဲတွင် ပြိုင်ဘက်ကွင်းလယ်ကစားသမား ကာမာဒါနှင့် ဘောလုံးပြိုင်လုရာ၌ ခြေစုံဝင်ခဲ့သဖြင့် အဝါကတ်ပြသခံခဲ့ရပြီး ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
၎င်းအနေဖြင့် ကံကောင်း၍သာ အနီကတ်ပြမခံရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။
ယင်းအတွက် တန်ဟက်ဂ်က ''သူ့ရဲ့လုပ်ရပ်က ပြိုင်ဘက်ကို မထိခဲ့တာကြောင့် အဝါကတ်ပဲ ပြသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒီထက်ပိုပြီး ထိန်းချုပ်နိုင်စွမ်းရှိသင့်ပါတယ်''ဟု ဆိုခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာကမူ လီဆန်ဒရိုမာတီနက်ဇ်၏ ဘောလုံးလုယူပုံမှာ ကြမ်းကြုတ်လွန်းပြီး အကယ်၍ ထိမိခဲ့ပါက ကာမာဒါအနေဖြင့် ခြေထောက်ကျိုးသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
