အစ္စရေးနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုများ အ ပြင်းအထန်ဖြစ်ပွားခြင်းသည် စက်တင်ဘာ ၂၂ ရက်အထိ ဆက်လက်ဖြစ်ပွားခဲ့ကာ အစ္စရေး စစ်လေယာဉ်များက လက်ဘနွန်နယ်စပ်ကို ဖြတ်ကျော်၍ တစ်နှစ်နီးပါးအတွင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးမြောက်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ဟစ်ဇ်ဘိုလာအဖွဲ့၏ ထောင်နှင့်ချီသည့် ရော့ကတ်လောင်ချာများ အပါအဝင် ပစ်မှတ် ၂၉၀ ခန့်အား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ ပြီး အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘို လာအဖွဲ့အား ပစ်မှတ်ထား၍ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးအာဏာပိုင်များက နိုင်ငံမြောက်ပိုင်းဒေသ အများအပြားနှင့် အစ္စရေး သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသတို့တွင် စာသင်ကျောင်းများကို ပိတ်ထားကာ လူစုလူဝေး ပြုလုပ်ခြင်းကိုလည်း တားမြစ်ထားသည်။
လက်ဘနွန်နှင့် အီရတ်တို့မှ ရော့ကတ်နှင့် ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ပြီးနောက် အချက်ပေးဥသြသံများ ညလုံးပေါက် ထွက်ပေါ်ခဲ့ကာ ယင်းဒုံးကျည်အများစုကို အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အဆောက်အအုံအချို့အား ဒုံးကျည် တိုက်ရိုက်ထိမှန်ခြင်း သို့မဟုတ် လွင့်စဉ်လာသော ဒုံးကျည်အပိုင်းအစများ တိုက်ရိုက်ထိမှန်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု အစ္စရေးမီဒီယာများက ဖော်ပြခဲ့ပြီး လူနာတင်ယာဉ်ဌာနက လည်း အပေါ့စားဒဏ်ရာရသူ အချို့အား ကုသပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။
လက်ဘနွန်အား အစ္စရေးက ထပ်ကာတလဲလဲ တိုက်ခိုက်နေခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၏ ရာမတ်ဒေးဗစ် လေတပ်စခန်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အဆိုပါ လေတပ်စခန်းအား ရော့ကတ်ဒုံးကျည်များဖြင့် တရစပ်တိုက်ခိုက်ခြင်းသည် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ၎င်းတို့၏ ထုတ်ဖော်ပြောကြားမှုများအနက် အစ္စရေးပိုင်နက်ထဲသို့ အနက်ရှိုင်းဆုံး တိုက်ခိုက်မှုများဖြစ်ကြောင်း သိရသည်။
အီရန်ကျောထောက်နောက်ခံပြု အီရတ်လက်နက်ကိုင်များကလည်း စက်တင်ဘာ ၂၂ ရက် အစောပိုင်းက အစ္စရေးအား ဖောက်ခွဲရေးဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်ရှိ ဆင်ခြေဖုံးဒေသ၌ ဟစ်ဇ်ဘိုလာအဖွဲ့တပ်မှူးများအား ပစ်မှတ်ထားသည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၃၇ ဦးထက်မနည်း သေဆုံးပြီးနောက် ၄၈ နာရီနီးပါးအတွင်း တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ဟစ်ဇ်ဘိုလာအဖွဲ့နှင့် လိပ်ခဲတည်းလည်း အခြေအနေကို သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အခွင့်အလမ်း မ ရှိတော့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့်က ပြောကြားခဲ့ သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
