Top News

တောင်ငူနှင့် မဒေါက်တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေဟု မိုး/ဇလထုတ်ပြန်
24htopnews | September 23, 2024 7:12 PM CST

တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၃) ပေခန့်ကျော်လွန် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ မဒေါက်မြို့တွင်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄)ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၃) လက်မခန့် ကျဆင်းလာနိုင်သော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနေနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေး လွတ်ရာနေရာများသို့ ပြောင်း‌ရွှေ့နေထိုင်ကြရန် အသိပေးထားသည်။


READ NEXT
Cancel OK