လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို ကြီးမားသော တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း အစ္စရေးကာကွယ်ရေးတပ်(IDF)က သတင်းထုတ်ပြန်သည်။ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်းက ရှီးယိုက် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့များသည် အစ္စရေး ရာမတ်ဒေးဗစ် လေတပ်စခန်းကို ပထမဆုံး ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးတို့၏ ဂျက်ဇ်ရီးလ် ချိုင့်ဝှမ်းဆီသို့ စုစုပေါင်း ဒုံးကျည် ၁၀ ခုခန့် ပစ်လွှတ်ခဲ့ကြောင်း သိရသော်လည်း အများစုကို အစ္စရေးလေတပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားခဲ့သည်။
ထို့နောက် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များသည် အစ္စရေးတို့၏ ရာမတ်ဒေးဗစ် လေတပ်စခန်းကို ဒုတိယအကြိမ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သူတို့၏ တယ်လီဂရမ်ချယ်နယ်တွင် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်များက လက်ဘနွန်နိုင်ငံ၌ တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးစက်ငယ်များ ပေါက်ကွဲခဲ့ခြင်းမှာလည်း အစ္စရေးတို့လက်ချက်ဟု လက်ဘနွန်တာဝန်ရှိသူများက စွပ်စွဲပြောဆိုခဲ့သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
