နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့်ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်းပြန်လည် ပြုပြင်ခြင်း၊ ဓာတ်အားလိုင်း အူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်နေမှုတို့ကို ယမန်နေ့ စက်တင်ဘာ ၂၂ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းက ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားအမြန် ပို့လွှတ်နိုင်ရန် မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၃၀ ကေဗွီ ရွှေမြို့ -နေပြည်တော်(၂)ဓာတ်အားလိုင်းနှင့် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည် -ရွှေမြို့ ဓာတ်အားလိုင်းများ၏ ပြုပြင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများလျင်မြန်စွာ ပြီးစီးနိုင်ရန် လူ အင်အား၊ ယာဉ်ယန္တရားအင်အားများနှင့် ဓာတ်အားလိုင်းသုံးဆက်စပ် ပစ္စည်းများကိုစုဖွဲ့၍ အင်ပြည့်အားပြည့်အသုံးပြုကာ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်ဟုလည်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်း(၂)ခုကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းအူကြောင်းပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများနှင့်မဟာဓာတ်အားလိုင်းမှူးရုံးများမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
