အာရှယူ-၁၇ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အိမ်ရှင် ကာတာ ယူ-၁၆ အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ကစားရန် ယနေ့ စက်တင်ဘာ (၂၃) ရက် ညနေပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ကာတာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
မြန်မာယူ-၁၆ အသင်းအနေဖြင့် စက်တင်ဘာ (၂၄) တွင် ကာတာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ (၂၆)ရက်နှင့် (၂၈)ရက်တို့တွင် ကာတာယူ-၁၆ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယနေ့ထွက်ခွာသွားသည့် မြန်မာယူ-၁၆ အသင်းသည် ၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် Junior Lions FC အမည်ဖြင့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အသင်း တစ်သင်းဖြစ်သည်။
မြန်မာယူ-၁၆ အသင်းပါဝင်သည့် ၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I)ကို အောက်တိုဘာ (၂၃)ရက်မှ (၂၇)ရက် အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ ယီမင်၊ ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
ယနေ့ ခရီးစဉ်အတွင်း အသင်းအုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးတို့က တာဝန်ယူ ဆောင်ရွက်နေပြီး အုပ်ချုပ်သူ/နည်းပြ (၉) ဦး၊ ကစားသမား (၂၆) ဦးအပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ Mr. Mita Michiteru လည်း လိုက်ပါသွားကြကြောင်း MFF ၏ အသိပေးချက်အရ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
