ကိဗ်၊စက်တင်ဘာ ၂၃
ယူကရိန်းသမ္မတ ဇလန်းစကီးသည် ရုရှားနှင့်ယူကရိန်းစစ်ကို ပါးပါးနပ်နပ်အဆုံးသတ်နိုင်မည့် စစ်ရေး စီမံကိန်းကို ချပြရန် အရေးကြီးသောခရီးစဉ်အဖြစ် အမေရိကသို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများအရသိရသည်။
ယခုခရီးစဉ်အတွင်း၌ ဇလန်းစကီးသည် သမ္မတဂျိုးဘိုင်ဒင်ကိုသာမက သမ္မတလောင်း ကင်မ်မလာဟားရစ်နှင့် ယခင်သမ္မတဒေါ်နယ်ထရမ့်တို့ကိုပါ တွေ့ဆုံကာ ၎င်း၏ စီမံကိန်းကို တင်ပြမည်ဖြစ်သည်ဟုသိရသည်။
ယခုအစီအစဉ်သည် ယူကရိန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသသို့ ရုတ်တရက်ထိုးစစ်ဆင်ပြီး ရုရှားကလည်း ယူကရိန်းအရှေ့ဘက်ခြမ်း၌ ရှေ့တက်လာနိုင်ချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကိဗ်သည် ရုရှားပိုင်နက်ထဲသို့ လက်နက်အသုံးပြုပိုင်ခွင့်နှင့်ပတ်သက်၍ အနောက်အုပ်စုကို ဖိအားပေးတောင်းဆိုနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အနောက်အုပ်စုအနေဖြင့် ရုရှားပိုင်နက်ထဲအထိ ၎င်းတို့ထောက်ပံ့ပေးထားသော လက်နက်အသုံးပြုခွင့်ဆိုင်ရာ တင်းကျပ်မှုများကို ဖြေလျှော့ပေးရန်စဉ်းစားနေသည်ဟုဆိုသော်လည်း မော်စကိုကမူ ယင်းအချက်ကိုခွင့်ပြုလိုက်ခြင်းသည် နေတိုးအုပ်စုနှင့်မော်စကိုတို့အကြား စစ်မက်ဖြစ်သွားနိုင်သည်ဟု သတိပေးစကားပြောကြားထားသည်။
သမ္မတဇလန်းစကီးကမူ ၎င်း၏ စီမံကိန်းသည် စစ်ကို ပါးပါးနပ်နပ်အဆုံးသတ်နိုင်မည်ဖြစ်ကာ လာမည့်ရက်သတ္တပတ်များသည် နှစ်နှစ်ခွဲကျော်ကြာနေပြီဖြစ်သည့် စစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် အဆုံးအဖြတ်ပေးမည့်ကာလများဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
