ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ လမ်းများ ပိတ်ဆို့နေမှုကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လျက်ရှိရာ အမြန်ဆုံးပြန်လည်ပြုပြင်သွားရန် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က ပြောကြားသည်။
တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသရှိ စံဖူး-နမ့်ခုတ်-ရွာသစ်လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများကို နေ့စဉ်ရှင်း လင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းတွင် တောင်ပြိုမြေဖယ်ရှားရှင်းလင်းနေမှုကို စက်တင်ဘာ (၂၃) ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
စံဖူး-နမ့်ခုတ်-ရွာသစ်လမ်း ဗန်းစောက်ကျေးရွာ ၁၆/၆ မိုင်နှင့် စံဖူးကျေးရွာ ၁၄/၂ မိုင်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆိုမှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများအား လမ်းဦးစီးဌာနမှ ရှင်းလင်းနေကြောင်း သိရသည်။
ထိုသို့ ရှင်လင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ရှင်းလင်းဆောင်ရွက်ရန်၊ ယာဉ်များ ပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန် ဆန်ရေး၊ စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားပြီး လိုအ ပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
