ONE က ကျင်းပြုလုပ်မည့် ONE Friday Fights 81 ပွဲစဥ်အတွက် ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနှင့် သန့်ဇင် (ရှောင်လေး)တို့ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုလ စက်တင်ဘာ (၂၇)ရက်တွင် ပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်အတွင်း သံမဏိစိုးလင်းဦးမှာ မွေထိုင်း ဖိုက်တာ နဘီးလ်နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်သလို ၊ သန့်ဇင် သည်လည်း ကစ်ဘောက်ဆင် ချန်ပီယံ ဂျပန်နိုင်ငံသား တာကဲရုနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြရမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အတွင်း သမိုင်းသစ် တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမည်ဟု ရိုးရာဖိုက်တာ သန့်စင်(ရှောင်လေး)က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။
ယခု ကျင်းပပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်အတွင်း တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်သည်ကို တွေ့ရသည်။
ယခုလ စက်တင်ဘာ (၂၀)ရက်တွင် ONE က ပြုလုပ်မည့် ONE Friday Fights-80 ပွဲစဉ်အတွင်း သွေးသစ်ဝင်းလှိုင် နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံသား Mavlolbek Kakhkaorov တို့ ယှဉ် ပြိုင်ထိုးသ-တ်ခဲ့ရာ သွေးသစ်ဝင်းလှိုင် ရှုံးနိမ့်ခဲ့ရသည်။
ယနေ့တွင် စိုးလင်းဦးနှင့် သန့်ဇင်တို့ လေ့ကျင့်နေသည့် လက်ဝှေ့ရုံသို့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက သွားရောက်နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
