ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းဒေသအတွင်းရှိ စစ်ရှောင်စခန်းများတွင် ယားနာရောဂါ(ဝဲ)ကူးစက်သူ(၄၀၀)ကျော်ရှိနေပြီး၊ ဆေးဝါး ရရှိမှုအခက်အခဲများကြောင့် ကုသမှုများ ထိရောက်အောင်မလုပ်ဆောင်နိုင်သေးကြောင်း ယင်းဒေသအခြေစိုက် လင်းရောင်ခြည်
ဖောင်ဒေးရှင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ယားနာရောဂါဖြစ်ပွားမှုအတွက် ယခုလဆန်းပိုင်း၌ စစ်ရှောင်ဦးရေ(၂,၅၀၀)ဦးကို အခြေပြုစစ်တမ်းကောက်ယူရာတွင် လူ(၄၈၂)ဦး ကူးစက်ခံစားနေကြရပြီး၊ ယင်းအနက် (၁၀)နှစ်အောက်ကလေ-းငယ် (၁၁၂)ဦးနှင့် (၅)နှစ်အောက် ကလေ-းငယ် (၄၀)ဦးတွင်လည်း ကူးစက်ခံထားရကြောင်း သိရသည်။
ထို ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ စစ်ရှောင်စခန်းများအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းခြင်း၊ လူအစုလိုက် နေထိုင်ကြရခြင်းနှင့် မိလ္လာစနစ်များထားရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု သူ၏ အမြင်ကို သုံးသပ် ပြောကြားသည်။
“လူကြီး ကလေ-း အကုန်ဖြစ်နေကြတာ။ဆေးဝါးတွေက ဝယ်မရဘူး၊ ရတဲ့ဆေးဝါးတွေကလည်း ဈေးတွေအရမ်းကြီးတော့ စစ်ရှောင်တွေက ဝယ်မသုံးနိုင်ဘူး။ သူတို့ စားရေးသောက်ရေးတောင်အနိုင်နိုင်ဖြစ်နေတာ။ အခုတော့ ကျွန်တော်တို့ နိုင်သ၍ လှူဒါန်းပေးထားတာတော့ရှိတယ်။ ကျန်းမာရေးဌာနကလည်း ရှိတဲ့ဆေးဝါးနဲ့ ကုသပေးနေရတာရှိတယ်။ဆေးဝါးတွေ အရမ်းလိုအပ်နေပါတယ် “ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ယားနာရောဂါမှာ ပြီးခဲ့သည် ပွင့်လင်းရာသီချိန်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ ပျောက်ကင်းအောင်ကုသပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် စစ်ရှောင်စခန်းများတွင်နေထိုင်ရခြင်းကြောင့် လက်ရှိအချိန်အထိ တစ်ဦးနှင့်တစ်ဦး ကူးစက်ပျံ့ပွားနေကြကြောင်း သိရသည်။
ပုဏ္ဏားကျွန်းဒေသအတွင်း စစ်ရှောင်စခန်းမည်မျှရှိသည်ကို မေးမြန်းရာတွင် ၎င်းအနေဖြင့်အဆိုပါ ကိစ္စအား ဖြေကြားလိုခြင်းမရှိဟု တုန့်ပြန်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
