မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သောင်ရင်းမြစ်ရေသည် မြ၀တီမြို့တွင်းပိုင်ထိ နှစ်ကြိမ်မြောက် ၀င်ရောက်လွှမ်းမိုးခဲ့ရာ အိမ်လုံးကျွတ်နစ်မြုတ်သော အနိမ့်ပိုင်းနေသူများမှာ ပြန်လည်ထူထောင်ရေးခက်ခဲနေဆဲဖြစ်သည်ဟုသိရသည်။
မြ၀တီ မြို့ အမှတ်(၅)ရပ်ကွက်၊သရက်ပင်ဂိတ် အောင့်ချိုင့်အနိမ့်ပိုင်းနေသူများ၊အမှတ် (၂) ရပ်ကွက် အောက်ချိုင့်နေပြည်သူစုစုအပါင်း အိမ်ထောင်စု၄၀၀ ကျော်အား မြ၀တီဖောင်ဒေးရှင်းနှင့်စေတနာရှင်များက ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်တွင် ဆန်၊ဆီ၊ခေါက်ဆွဲခြောက်၊ရေသန့်နှင့် ဂွမ်းစောင် များပံ့ပိုးလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ရေနစ်မြုတ်ခံရပြီးအမှန်တကယ်လိုအပ်နေသူများကိုစနစ်တကျစိစစ်ကာ တုံကင်ကြိုပေးထားသည့်စနစ်ဖြင့် ပေးဝေလှူဒါန်းခြင်းဖြစ်ကြောင်း။သရက်ပင်ဂိတ်အောက်ချိုင့်နှ့င့်ခွန်ဆာ၀င်းချိုင့် နှစ်နေရာမှာ မိသားစု၄၀၀ အတွက်လှူဒါန်းခြင်းဖြစ်ကြောင်းမြ၀တီဖောင်ဒေးရှင်းလူမှုကူညီရေးအဖွဲ့၀င်တစ်ဦးက ပြောသည်။
ဒုတိယအကြိမ် ရေးကြီးနစ်မြုတ်စဥ်က ေရစီးနှင့်အတူ နေအိမ်မျောပါသွားသူတစ်ဦးက""အိမ်ကတော့ဒုတိအကြိမ်မှာမျောပါသွားပါတယ်၊အ၀တ်တစ်ထည်းကိုယ်တစ်ခုနဲ့ အသက်ဘေးက လူလွတ်ရုံပြေးကြရတာပါ၊အိမ် တော့ ပြန်မဆောက်နိုင်သေးပါဘူး။သူများအိမ်မှာ သနားခံပြီးနေ နေရပါတယ်၊ပန်းရံအလုပ် နေ့စား၀င်လုပ်ပါတယ်။မိသားစုစားရရုံပါပဲ။ခု ကုန်စျေးနှုန်းနဲ့ ဝါးအိမ်တောင် ပြန်ဆောက်နိုင်ဖို့မလွယ်သေးပါဘူး""ဟု စိတ်မချမ်းမြေ့စွာပြောကြားခဲ့သည်။
ယခုကဲ့သို့ အခက်အခဲ၊ဖြစ်နေချိန်မှာ ပရဟိတအဖွဲ့များ ၊စေတနာရှင်များ လာရောက်လှူးဒါန်းပေးခြင်းအတွက်လည်းအထူးကျေးဇူးတင်ကြောင်း၄င်းကဆိုသည်။
ကိုရွှေသိန်း (မြ၀တီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
