ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းတွင် ကုက္ကိုပင်တစ်ပင် အမြစ်မှ ကျွတ်လဲကျကာ ကားလမ်းမ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် သွားရောက်ကူညီရှင်းလင်းသည့် ပရဟိတအသင်းများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ (၂၄)ရက်၊ နံနက် (၆)နာရီ (၃၆)မိနစ်အချိန်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်အရှေ့ရပ်ကွက်၊ အထက်ကြည့်မြင်တိုင်လမ်းနှင့် ဦးကြွယ်အိုးလမ်းထောင့်တွင် သစ်ပင်လဲပြီး လမ်းပိတ်နေကြောင်း သတင်းအရ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စည်ပင်ပန်းဥယျာဉ်အဖွဲ့နှင့်အတူ အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ် (03) တစ်စီးနှင့် စေတနာ့ဝန်ထမ်းများ ထွက်ခွာ၍ သစ်ပင်အား ကူညီရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကြောင့် လူ၊ ယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
