ပေကျင်း၊စက်တင်ဘာ ၂၃
ပေကျင်း၏ထိပ်တန်းသူလျှိုအေဂျင်စီတစ်ခုက ၎င်းတို့အနေဖြင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံပြုထားပေးသည့် ထိုင်ဝမ်ဟက်ခ်ကာအဖွဲ့တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် တရုတ်ပြည်မကြီး၊ဟောင်ကောင်နှင့်မကာအိုရှိ ဝက်ဘ်ဆိုဒ်များကို ဟက်ခ်ကာ တရုတ်ပြည်မကြီး၏ နိုင်ငံရေးစနစ်ကိုသိက္ခာချရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ဟုလည်း ပြောကြားခဲ့သည်။
ယခုသတင်းကို တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ၎င်း၏ WeChat စာမျက်နှာ၌ တရားဝင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး Anonymous 64 သည် ထိုင်ဝမ်လွတ်မြောက်ရေးတပ်များကိုအခြေပြု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အဆိုပါဖော်ပြချက်တွင်ရေးသားထားသည်။
ပေကျင်း၏ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီကရည်ရွယ်ပြောကြားသည့် ထိုင်ဝမ်လွတ်မြောက်ရေးတပ်ဆိုသည်မှာ တိုင်ပေမြို့ရှိ နိုင်ငံေတာ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ လှုပ်ရှားဆောင်ရွက်နေသည့် သတင်းအချက်အလက်၊ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကွပ်ကဲမှု (ICEFCOM) ကိုဆိုလိုခြင်းလည်းဖြစ်သည်။
ထိုင်ဝမ်နှင့်တရုတ်ပြည်မအကြားဆက်ဆံရေးသည် လက်ရှိထိုင်ဝမ်သမ္မတလိုင်ချင်တီအာဏာရပြီးနောက် ပိုမိုယိုယွင်းလာခဲ့ပြီး ယခုအဖွဲ့သည်လည်း အွန်လိုင်းမှတစ်ဆင့် ဝါဒဖြန့်ကာ လူထု၏သဘောထားအမြင်လွဲမှားစေရန်ပြုလုပ်နေပြီး ပြည်မကြီး ကို ဆန့်ကျင်မှုတွေပြုလုပ်နေသည်ဟုလည်းပေကျင်းကဆိုသည်။
သို့သော် ICEFCOM ကမူ ပေကျင်း၏ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် ထိုင်ဝမ်၏ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များပေးရန်နှင့် ဆိုက်ဘာလုံခြုံရေးထိန်းသိမ်းခြင်းအစရှိသည့်တာဝန်များကိုသာ အဓိကထမ်းဆောင်သည့်တာဝန်ကိုယူထားသည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
