ထိုင်းလူမျိုးများ၏ အကျိုးစီးပွါးကို ကာကွယ်ရန်ဟုဆိုကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားတချို့ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူ ၃၀ ခန့်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအလုံးအရင်းဝင်ရောက်လာမှုကို ဖြေရှင်းပေးရန်နှင့် ထိုင်းနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုကြောင်း အထက်ပါ ဆန္ဒပြပွဲ၌ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
အထက်ပါ ဆန္ဒပြပွဲမဖြစ်ခင် စက်တင်ဘာလ ဒုတိယပတ်အတွင်းကလည်း ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ကန့်သတ်မှုလုပ်ရန် အချက် ရှစ်ချက်ပါ စာတစ်စောင်ကို ထိုင်းအစိုးရကို ပေးပို့တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။
ထိုတောင်းဆိုမှုများတွင် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများကို ကိုယ်ဝန်ဆောင်ခွင့်မပြုရန်၊ နိုင်ငံရေးကြောင့် ထွက်ပြေးလာရသူများကို သတ်မှတ်စခန်းများတွင်သာထားရန်၊ ထိုင်းနိုင်ငံသား ခံယူခွင့်အစီအစဉ်ကို ပြန်လည်သုံးသပ်ပေးရန် စသည့် အချက်များ ပါဝင်ကြောင်း ဘန်ကောက်အခြေစိုက် သတင်းဌာနကြီးများ၏ ဖော်ပြချက်အရလည်း သိရသည်။
ဆန္ဒပြပွဲကြောင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးလည်း ထိုင်းစံတော်ချိန် နေ့လည် ၁၂ နာရီကနေ မွန်းလွဲ ၂ နာရီကျော်အထိ ပိတ်ထားခဲ့သည်။
လက်ရှိတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကထက်ပိုမို၍ အသွားအလာဂရုစိုက်ကြရန်လည်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
“ကိစ္စတွေက နောက်မှာ အဖွဲ့အစည်းတွေရှိနေတယ်လို့ ကျွန်တော်တော့ထင်တယ်။ အခု ဒီလိုတွေ ဖြစ်လာတော့ အထောက်ထားမရှိသေးတဲ့လူတွေ ပိုဂရုစိုက်စေချင်တယ်၊ တခုခု မိခဲ့ရင် အရင်ကလို သူတို့(အာဏာပိုင် ) တွေနဲ့ ညှိဖို့ဆိုတာ မလွယ်တော့ဘူး၊ ငွေကြေးအကုန်အကျများလိမ့်မယ်” ဟု သူက ဆိုသည်။
ထို့အပြင် ထိုင်းလွှတ်တော်အမတ်တချို့သည်လည်း ထိုင်းလူမျိုးအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို လွှတ်တော်အတွင်း အစိုးရကို မေးခွန်းထုတ် မေးမြန်းတာမျိုးရှိနေကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
