ဆိုးလ်၊စက်တင်ဘာ ၂၃
မြောက်ကိုရီးယားက နယ်စပ်ဖြတ်ကျော်၍ လွှတ်တင်လိုက်သည့် အမှိုက်မီးပုံးပျံများကြောင့် တောင်ကိုရီးယားပြည်သူတစ်ဦးတစ်ယောက် ထိခိုက်ေ-သဆုံးမှုရှိပါက စစ်ရေးအရ ပြတ်ပြတ်သားသားအရေးယူမည်ဟု တောင်ကိုရီးယားအစိုးရက စက်တင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ပြုံယမ်းသည် ဆိုးလ်ဘက်သို့ မေလကတည်းက အမှိုက်မီးပုံးပျံများကို လွှတ်တင်နေခြင်းဖြစ်ပြီး ယခုအထိ စုစုပေါင်း အလုံးရေ ၅,၅၀၀ ကျော်ရှိလာကာ အဆိုပါမီးပုံးများကြောင့် လေကြောင်းခရီးစဉ်များ အနှောင့်အယှက်ဖြစ်ပြီး မီးလောင်ခြင်းအပြင် အချို့သောအစိုးရအဆောက်အအုံများကို ထိမှန်ခဲ့ကြောင်းသိရသည်။
ပြုံယမ်းကမူ အဆိုပါနည်းဗျူဟာသည် တောင်ဘက်ရှိ တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားသို့ ဝါဒဖြန့်သည့် မီးပုံးပျံများ လွှတ်တင်ခဲ့ခြင်းကို တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြုံယမ်းကပြောကြားခဲ့သည်။
မြောက်ကိုရီးယားက လွှတ်တင်လိုက်သော မီးပုံးပျံအများစုသည် ကျန်းမာရေးအရ ဥပဒ်မဖြစ်နိုင်သည့် အမှိုက်အိတ်များသာပါရှိသော်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်းကမူ အချို့သောမီးပုံးများတွင် စက်ပစ္စည်းအသစ်များပါဝင်လာကာ မီးလောင်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် စိုးရိမ်မှုများမြင့်တက်လာခြင်းလည်းဖြစ်သည်။
“ကျွန်တော်တို့စစ်တပ်အနေနဲ့ မြောက်ကိုရီးယားစစ်တပ်ကို အနီးကပ်စောင့်ကြည့်နေပြီး မီးပုံးပျံလွှတ်တင်တဲ့နေရာကို အချိန်နှင့်တပြေးညီခြေရာခံ နေပါတယ်” ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/စီအမ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
