ဖျာပုံမြို့နယ် အမာမြို့ ဒေါ်ညိမ်းကျေးရွာတွင် ဖုန်းခိုးသည်ဟုဆိုကာ ကိုရင်ငယ်တစ်ပါးအား ခန်းနေဆရာတော်က တုတ်ဖြင့်ရိုက်နှက်မှုကြောင့် ပျံလွန်တော်မူခဲ့ဖြင့် ကျူးလွန်သူ ဆရာတော်အား အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဒေါ်ညိမ်းကျေးရွာ သရက်တောဘုန်းတော်ကြီးကျောင်းတွင် ကိုရင်တစ်ပါးအား ခန်းနေဆရာတော်မှ ရိုက်နှက်မှုကြောင့် သေဆုံးကြောင်း သတင်းအရ စက်တင်ဘာ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း အမှုစစ်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်တို့ ၁၈ ရက် ၉ လမှာ သတင်းကြားတယ်ပေါ့။ ဒေါ်ညိမ်း သရက်တောဘုန်းတော်ကြီးကျောင်းမှာ ကိုရင်လေးတစ်ပါး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ အုပ်ချုပ်ရေးမှူးက သတင်းပို့လို့ သွားခဲ့ပါတယ်။ သွားတော့ အဲဒီမှာ ကိုရင်လေးက ကျော၊ ပေါင်နဲ့ တင်ပါးမှာ ညိုမဲ စုတ်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဒေါ်ညိမ်းတိုက်နယ်ဆေးရုံကို သတင်းပို့တယ်။ သတင်းပို့ပြီး ကိုရင်လေးရဲ့ ဖခင်ကို တရားလိုပြုလုပ်ပြီး အမှုဖွင့်တယ်။ ဖွင့်ပြီးတော့ ကျူးလွန်တဲ့ ခန်းနေဆရာတော်ကို ရပ်ကျေးသံဃာ့နာယကနဲ့ သိက္ခာချပြီး ဖမ်းခဲ့ပါတယ်။ ကိုရင်လေးက တခြားကိုရင်ရဲ့ ဖုန်းကို ခိုးလို့ဆိုပြီး အဲဒီခန်းနေဆရာတော်က ဝါစိမ်းတုတ် နှစ်ချောင်းနဲ့ ရိုက်လို့ သေသွားတာပေါ့။ ခုအဲဒီဆရာတော်ကို လူသတ်မှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။'' ဟု ယင်းအမှုစစ် တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
