ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအ နီးတွင် သုံးဘီးယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို PDF များက သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၀ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့ နယ် ဓနုန်းမြောင်ကျေးရွာနေ ဒေါ်မာဌေး (၅၂ နှစ်)၊ မဖြူနှင်းေ၀ (၂၁ နှစ်) နှင့် ဒေါ်စန်းဝင်း (၄၁ နှစ်)တို့သည် ကိုဆန်းမင်းကျော် (၃၀ နှစ်) မောင်းနှင်သည့် သုံးဘီးယာဉ်ဖြင့် ကိုးပင်ကျေးရွာမှ ဓနုန်းမြောင်ကျေးရွာသို့ ထွက်ခွာလာစဉ် သာစည်ကျေးရွာအဝင်အရောက် PDF ခြောက်ဦးက သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်မာဌေးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
