ဘာစီလိုနာဂိုးသမား မက်အန်ဒရေတာစတီဂန်သည် ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားသည့် ဗီလာရီးယဲလ် (၁-၅) ဘာစီလိုနာပွဲစဉ်တွင် စတီဂန်မှာ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
စတီဂန်သည် ပထမပိုင်းပြီးခါနီးတွင် ဗီလာရီးယဲလ်အသင်း၏ ထောင့်ကန်ဘောကို ကာကွယ်ဖမ်းယူစဉ် ခြေတစ်ဖက်ထောက်ဖြင့် မြက်ခင်းပေါ်သို့ ပြုတ်ကျခဲ့သည်။
ထို့နောက် ကစားသမားများက ဆေးအကူအညီချက်ချင်းရယူရန် အလျင်အမြန်တောင်းဆိုခဲ့ပြီး ၎င်းအား ထမ်းစင်ဖြင့် သယ်ထုတ်သွားပြီးနောက် ဗီလာရီးယဲလ်အသင်း၏ကွင်းအနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
''မက်ကိုကြည့်ရတာ အဆင်ပြေတဲ့ပုံစံ မဟုတ်ပါဘူး။ ဒဏ်ရာအခြေအနေကို အပြည့်အစုံသိရဖို့အတွက် ကျွန်တော်တို့စောင့်ရမှာပါ။ ဒါပေမဲ့ အခြေအနေက တကယ်ပြင်းထန်ပုံရတာတော့ အမှန်ပါပဲ။ ဒီဒဏ်ရာက ကျွန်တော်တို့ကို စိတ်မကောင်းဖြစ်စေပါတယ်။ ဒဏ်ရာက ပြင်းထန်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ စောင့်ရပါမယ်'' ဟု ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပွဲအပြီးတွင် ပြောကြားသည်။
ဘာစီလိုနာအခြေစိုက် RAC1 ရေဒီယို၏ ထုတ်လွှင့်မှုအရ စတီဂန်အနေဖြင့် ရှစ်လခန့် အနားယူရဖွယ်ရှိပြီး ယခုရာသီကုန်အထိ ပြန်လည်ကစားနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။
စတီဂန် (၃၂ နှစ်) ၏ ဒဏ်ရာမှာ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်ပြီး ၎င်းနေရာအစားဝင်နိုင်သူအဖြစ် အီညာကီပယ်ညာ (၂၅ နှစ်) တစ်ဦးတည်းသာကျန်ရှိတော့သည်။
ထို့ပြင် ဘာစီလိုနာအသင်းတွင် အာရူဟို၊ ခရစ္စတန်ဆန်၊ ဘာနယ်လ်၊ ဒီယွန်း၊ ဂါဗီ၊ လိုပက်ဇ်၊ အော်လ်မိုတို့မှာလည်း ဒဏ်ရာပြဿနာများ ရင်ဆိုင်နေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
