မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်နှင့် စဉ်ကူးမြို့နယ် ကျေးရွာများအတွင်းရှိအိမ်ခြေ (၁၀၀)အတွက် ဝမ်းပျက်ဝမ်းလျောရောဂါများ ကာကွယ်နိုင်ရန် ယင်လုံ အိမ်သာသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း လှိုင်းမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလ ကျန်းမာရေးနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရန် လုပ်ဆောင်ပေးသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအခန်းကဏ္ဍအတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ယင်လုံအိမ်သာ အလုံးလိုက်တည်ဆောက်ပေးရန် ဆန္ဒရှိသော်လည်း ရရှိသည့် အလှူငွေပေါ်မူတည်၍ အိမ်သာသုံး သန့်ရှင်းရေးပစ္စည်းများကိုသာ အဓိက ထောက်ပံ့ကူညီနိုင်ဖွယ်ရှိကြောင်း သိရသည်။
” အိမ်သာတစ်လုံးက ငါးသိန်းလောက်ကုန်ကျမှာဆိုတော့ ရရှိတဲ့ အလှူငွေပေါ်မူတည်ပြီး ယင်လုံအိမ်သာဆောက်ရင် လိုအပ်တဲ့ အထိုင်ခွက်တို့ ရေဆင်းပိုက်၊ ရေပုံးရေခွက် ၊ သန့်ရှင်းရေးပစ္စည်း အစုံ လှူဒါန်းသွားမှာပါ။ ဒီရက်ပိုင်းအတွင်း လှူဒါန်းဖို့ရှိပါတယ်။ ကျေးရွာတွေမှာက ယင်လုံအိမ်သာတွေမျောပါသွားတာ ရေဝင်ပျက်စီးသွားတာတွေ ရှိနေတာကြောင့်ပါ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်အထိ ၎င်းတို့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ကဏ္ဍ (၃)ရပ် ခွဲ၍ ကူညီဆောင်ရွက်ခဲ့ကြပြီး၊ ရေ ကြီးရေလျှံမဖြစ်ပွားခင် အသိပေးနှိုးဆော်ခြင်း၊ ကယ်ဆယ်ရေးနှင့် စား နပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆက်တိုက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
