ယာဂီမုန်တိုင်းဒဏ်ကြောင့် ရေဘေးဒဏ်ကြုံတွေ့ခဲ့သော ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ မိုးကောင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ပင်သာကျေးရွာများသို့ Help To Others ပရဟိတအသင်းမှ ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ တစ်အိမ်ထောင်ကို ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၅၀ စာအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည့်အပြင် စားသောက်ကုန်၊ အိမ်သုံးဆေးဝါး၊ အဝတ်အထည်၊ ရေသန့်၊ လစဉ်သုံး၊ ဓာတ်မီး၊ မီးခြစ်၊ ခြင်ဆေး၊ ဖယောင်းတိုင်နှင့် မုန့်မျိုးစုံ စသဖြင့် ငွေကျပ် သိန်း ၁၅၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို နယ်မြေခံ ပရဟိတအသင်းများနှင့် ပူးပေါင်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် Help To Others ပရဟိတအသင်းမှ ပြည်သူ+လူရွှင်တော် ပရဟိတအသင်းအား ၅သိန်းကျပ်၊ မဏိဇောတ လူမှုကူညီရေးအသင်းအား ၄ သိန်းကျပ်နှင့် ကရုဏာရင်ခွင် လူမှုကူညီကယ်ဆယ်ရေးအသင်းအား ၁သိန်းကျပ် အသီးသီးထောက်ပံ့လှူဒါန်းခဲ့သည်။
“ ကျွန်တော်တို့က ဒါ (၉) ကြိမ်မြောက် လှူဒါန်းခြင်းပါ။ ရေက ခါးကနေရင်ညွှန့်လောက်ထိရှိပြီး တော်တော်နဲ့ မကျဘူးဗျ။ ထပ်တက်လာချိန်ဆို လူတစ်ရပ်ကျော်တယ်။ ရွာကကျဉ်းတော့စက်လှေမောင်းမရတာနဲ့ ဝါးဖောင်တွေလုပ်ပြီး သွားရတယ်။ တချို့နေရာတွေဆို အလှူရှင်တွေ တော်ရုံမရောက်ကြဘူး။ ဒီလကုန်တော့ အိမ်ဆုံးရှုံးသွားတဲ့ မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးမှာ အိမ်အလုံး (၂၀) လောက် ဆောက်ပေးမှာဖြစ်လို့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ် ” ဟု Help To Others ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
