ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည့် ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းနေရာများ ပြန်လည် ပြုပြင်လျက်ရှိရာ လမ်းပိုင်းပြုပြင်ပြီးစီးသည့် အခြေအနေအရ ရန်ကုန် – သာစည်၊ သာစည် – ရန်ကုန် ရထားခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ရထားမှ စက်တင်ဘာ (၂၃)ရက်က အသိပေးထားသည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်တန့်ထားရသည့် ရန်ကုန်-မန္တလေး ပြေးဆွဲပေးနေသော အမှတ်(၁၁)အဆန်၊ (၁၂)အစုန်အမြန်ရထားခရီးစဉ်ကို လမ်းပိုင်းပြုပြင်ပြီးစီးသည့် အခြေအနေအရ စက်တင်ဘာ (၂၁) ရက်မှ စတင်၍ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် အချို့ရထားလမ်း တာဘောင်နေရာများနှင့် တံတားများ ရေတိုက်စားပျက်စီးခဲ့သဖြင့် စက်တင်ဘာ (၁၆) ရက်မှ စတင်၍ လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းပြီး မြန်မာ့မီးရထားမှ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည် ပြုပြင်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ ရန်ကုန်-သာစည် အမှတ် (၁၁)အဆန် လူစီးအမြန်ရထားမှာ ရန်ကုန်ဘူတာမှ နံနက် (၅) နာရီတွင် ထွက်ခွာ၍ သာစည်ဘူတာသို့ ည (၈) နာရီခွဲတွင် ဆိုက်ရောက်ပြီး သာစည်-ရန်ကုန် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားမှာ သာစည်ဘူတာမှ နံနက် (၆) နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည (၉) နာရီခွဲတွင် ရောက်ရှိပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ရထား အထက်တန်း လက်မှတ်ခ တစ်ဦးလျှင် ကျပ် (၁၇၀၀၀) ကျပ်နှင့် ရိုးရိုးတန်းလက်မှတ်ခ တစ်ဦးလျှင် ကျပ် (၉၀၀၀) ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန် – သာစည်ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည် စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ ရထားစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
