တရုတ်နှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အခြားသောကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ ဖိတ်ခေါ်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ၏ ဆက်စပ်အစည်းအဝေးတစ်ခုအဖြစ် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် China -ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲတွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
China-ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုနှင့် နှစ်နိုင်ငံဆက်ဆံမှုမြှင့်တင်ရေးအတွက်အရေးပါသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
အာဆီယံ-တရုတ်ဆက်ဆံရေး ပိုမိုရင့်ကျက်လာသည်နှင့်အမျှ နှစ်ဖက်စလုံးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်အကျိုး ဖြစ်ထွန်းမှု စသည့်ရလဒ်ကောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယနေ့ခေတ်တွင်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း အာဆီယံနှင့်တရုတ်နိုင်ငံတို့မှာ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိကြောင်း သံအမတ်ကြီး ဦးတင်မောင်ဆွေက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံသည် ဒေသတွင်းကဏ္ဍအသီးသီး၌ ဆန်းသစ်တီထွင်မှုများ ရှာဖွေဖော်ထုတ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အဓိကကျသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ တိုးတက်မှု လမ်းကြောင်းပေါ်တွင် ဆက်လက် တည်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များ အဆင်ပြေလွယ်ကူစေရေးနှင့် အာဆီယံနိုင်ငံများမှကုန်စည်များ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်မည့် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ တိုးတက်ရရှိရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နှင့် အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက် အလက်နှင့်နည်းပညာ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍအသီးသီး တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
