ရေဘေးကြောင့်ေ-သဆုံးခဲ့သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာမိသားစုများထံရောက်ရှိရေးဆောင်ရွက်ရန် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ဥက္ကဋ္ဌဦးသန်းထွန်းဦးက မှာကြားသည်။
၎င်းက ယမန်နေ့ စက်တင်ဘာ ၂၃ ရက်ညပိုင်းတွင်ကျင်းပခဲ့သည့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်များတွင် ပြည်သူများပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း မှာကြားသည်။
အလားတူ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်သင်ကြားနိုင်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ၊ လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများကိုဖယ်ရှားခြင်းလုပ်ငန်းများနှင့် လမ်းဘေးရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ၊ ရေတိုက်စား၍ ပျက်စီးသွားသည့် လမ်းတံတားများပြင်ဆင်ရာတွင် စံချိန်စံညွှန်းများနှင့်အညီစနစ်တကျဆောင်ရွက်ရန်တို့ကိုလည်း မှာကြားသည်။
ထို့အတူ ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေး အန္တရာယ်များကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရန်မှာကြားခဲ့သည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
