ရေဘေးသင့်ခဲ့သည့် ရေတာရှည်နှင့် ဆွာမြို့နယ်မှ ပြည်သူများအတွက် ဗောဓိဆာယာတောရမိသားစု၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်းကာ ကျပ်သိန်း ၁၃၀၀ လှူဒါန်းမှုပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ခိုလှုံရာ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ လှူဒါန်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရေဘေးသင့်ပြည်သူများနှင့် ရေဘေးကြောင့် အိမ်မျှောပျက်ဆီးသွားသူများအား ဗောဓိဆာယာတောရမိသားစု၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း၊ သရုပ်ဆောင် လင်းဇာနည်ဇော်မိသားစုနှင့် အခြားအလှူရှင်များမှ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရေဘေးသင့်ပြီး ဘုန်းကြီးကျောင်းများတွင် လာရောက်ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ရေသန့်၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်နှင့် အခြားတစ်ကိုယ်ရည်သုံးလိုအပ်သည့် ပစ္စည်းများ လှူဒါန်းခဲ့သည်။
ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ရေပြန်ကျသေးခြင်းမရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
