မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ၂၀၂၄ ပထမနှစ်ဝက်တွင် ဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးဝယ်ယူမှုကို ကျော်လွန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ လုံးအား မြန်မာနိုင်ငံသားများထံ လွှဲပြောင်းပေးခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်ဌာန (REIC) ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများကို ကွန်ဒိုတိုက်ခန်းများ လွှဲပြောင်းပေးသည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ဘတ် ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဘတ် ၂၇၄ မီလျံ ရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။
REIC ၏ ခေတ္တညွန်ကြားရေးမှူးချုပ် Vichai Viratkapan က “နိုင်ငံခြားသားအားလုံးမှာ ကွန်ဒိုအပြောင်းအရွှေ့တွေ လက်ခံရရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ်မှာ ပထမအကြိမ် ထိပ်တန်း ၁၀ စာရင်းမှာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
2022 ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကွန်ဒိုဝယ်ယူမှုတွင် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသားများရှိပြီး ယင်းတို့၏နောက်တွင် မြန်မာနိုင်ငံသားများက နံပါတ် ၆ နေရာတွင် ရပ်တည်ခဲ့သော်လည်း လွှဲပြောင်းပေးသည့် ကွန်ဒိုတန်ဖိုးအရ မြန်မာနိုင်ငံသားများသည် တရုတ်နှင့် ရုရှားဝယ်လက်များနောက်တွင် တတိယနေရာတွင် ရှိနေခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင်မူ မြန်မာနိုင်ငံသားများမှာ တရုတ်၊ ရုရှနှင့် အမေရိကန်နိုင်ငံသားများနောက်သို့ ရောက်ရှိခဲ့ပြီး စတုတ္ထအဆင့်သို့ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုတွင် တန်ဖိုးအားဖြင့် တရုတ်နှင့် ရုရှားနိုင်ငံသားများနောက်တွင် ရပ်တည်ခဲ့သည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင်မူ ရုရှားနိုင်ငံသားများကို ကျော်တက်ခဲ့ပြီး တရုတ်နိုင်ငံသားများနောက်သို့ မြန်မာနိုင်ငံသားများ ရောက်ရှိလာခဲ့ရာ နှစ်အတော်ကြာ ဒုတိယနေရာတွင်ရှိခဲ့သည့် ရုရှားနိုင်ငံသားများကို ကျော်တက်သွားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
