တောင်ကိုရီးယားအမျိုးသားတစ်ဦးက ငါးနှစ်ကြာအတူနေထိုင်ခဲ့သည့် ၄င်း၏ချစ်သူမိန်းကလေးကိုသတ်ပြီး အလောင်းကို အင်္ဂတေဖြင့်ဖုံးကာအလောင်းဖျောက်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။
အဆိုပါမိန်းကလေး လူပျောက်တိုင်ခံရပြီး ၁၆ နှစ်ကြာတွင် ဝန်ခံခဲ့ခြင်းဖြစ်သည်။ အသက် ၅၀ ကျော်အရွယ်ရှိ၎င်းအမျိုးသားက နိုင်ငံတောင်ပိုင်း Geoje မြို့ရှိ၎င်း၏တိုက်ခန်းတွင် ချစ်သူနှင့်စကားများပြီး မိန်းကလေးကို မချွန်ထက်သည့်အရာနှင့် ထိုးသတ်လိုက်ကာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး ဝရန်တာတွင် အင်္ဂတေဖြင့်ဖုံးပြီး အလောင်းဖျောက်လိုက်သည်ဟု ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့သည်။
ထိုနေရာတွင်အလောင်းရှိနေသည်ကို မည်သူမျှမသိခဲ့ဘဲ ပြီးခဲ့သည့်လက အိမ်ပြုပြင်ရေးဝန်ထမ်းတစ်ဦး လွန်ဖြင့်ဖောက်လိုက်တော့မှ အလောင်းကိုတွေ့ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာက ထုတ်ပြန်သည်။လက် ဗွေရာစစ်ဆေးမှုဖြင့် အလောင်းက လူပျောက်မိန်းကလေးဖြစ်မှန်းသေချာခဲ့သည်။တရားခံအမျိုးသားက အလောင်းကိုတွေ့ချိန် အဆိုပါတိုက်ခန်း၌နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
သို့သော် အဆိုပါအမျိုးသားကို အလျှင်အမြန်ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။၎င်း၏ထွက်ဆိုချက်အရ ၂၀၀၈ ခုနှစ်၊အောက်တိုဘာတွင် တိုက်ခန်း၌ချစ်သူနှင့်စကားမများမီ ၎င်းတို့ငါးနှစ်ကြာအတူနေခဲ့ကြသည်။ ထို တိုက်ခန်းတွင် ၎င်းကရှစ်နှစ်ကြာဆက်နေခဲ့သည်။
ၽRef: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
