ဖနွမ်းပင်၊စက်တင်ဘာ ၂၄
CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ နှုတ်ထွက်ပြီးနောက် ကမ္ဘောဒီးယားအနေဖြင့် နယ်စပ်ဒေသ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးကိုအာရုံစိုက်နေသည်ဟု ဝန်ကြီးချုပ် ဟွန်မာနက်ကပြောကြားခဲ့သည်။
အစိုးရအနေဖြင့် CLV-DTA မှ မကြာသေးမီက နုတ်ထွက်ခဲ့သော်လည်း ကမ္ဘောဒီးယားသည် ၎င်း၏အရှေ့မြောက်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်အခြေခံအဆောက်အဦများ တည်ဆောက်ရန်အာရုံစိုက်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယခုနှုတ်ထွက်မှုသည် ကာလရှည်စီစဉ်ထားရသော နယ်စပ်မြို့ပတ်လမ်းအပါအဝင် အခြေခံ အဆောက်အဦတည်ဆောက်ရေးနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်မည် မဟုတ်ကြောင်းလည်း၎င်းကပြောသည်။
ဤကြိုးပမ်းအားထုတ်မှုများသည် စီးပွားရေးတိုးတက်မှုမြှင့်တင်ရန်နှင့် ဒေသတွင်းလူနေမှုဘဝမြှင့်တင်ရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။
ယခုအစီအစဉ်၌ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများထူထောင်ခြင်း၊နယ်စပ်တလျှောက်အခြေခံအဆောက်အဦ များ ဆောက်လုပ်ခြင်း၊ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပက်ကေ့ခ်ျများကို ၂၀၂၅ ခုနှစ်မှစ၍ဆောင်ရွက်မှုများလည်းပါဝင်ကြောင်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
