Top News

ထိုင်း Amata က လာအိုကို တရုတ်ကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ်ပြောင်းရွှေ့ရန်ရည်ရွယ်
24htopnews | September 24, 2024 11:12 PM CST

ဘန်ကောက်၊စက်တင်ဘာ ၂၄

ထိုင်းနှင့်ဗီယက်နမ်၌ စက်မှုဇုန်များနှင့်ပတ်သက်၍ လူသိများသော ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Amata သည် လာအို၌ အရေးပါသော စီမံချက်တစ်ခုကို စတင်နေပြီဖြစ်သည်ဟုသိရသည်။

အဆိုပါစီမံချက်သည် လာအိုနိုင်ငံ၌ အဓိကကျသည့်စက်မှုဇုန်တစ်ခုကိုတည်ထောင်ကာ တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူများကို လာအိုသို့ပြောင်းရွှေ့လုပ်ကိုင်နိုင်စေရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်။

အမေရိကနှင့်တရုတ်အကြား တင်းမာမှုများရှိနေသည့်အတွက် တရုတ်နိုင်ငံမှထုတ်လုပ်သူများကို အခြားတနေရာသို့ရွှေ့ပြောင်းရန်ကြိုးပမ်းဖို့ ရည်မှန်းထားခြင်းလည်းဖြစ်သည်။

Amata တည်ထောင်သူဥက္ကဋ္ဌ Vikrom Kromadit ကမူ လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် တရုတ်နိုင်ငံ၏စီးပွားရေးမရေရာမသေချာမှုများသည် နိုင်ငံခြားကုမ္ပဏီများ အခြားသို့တိုးချဲ့လုပ်ကိုင်ရန် အခွင့်အလမ်းများရှာဖွေနိုင်သည့် တွန်းအားဖြစ်နိုင်ကြောင်းမှတ်ချက်ပြုပြောကြားခဲ့သည်။

မကြာသေးမီက နစ်ကေးအေးရှားနှင့် အင်တာဗျူးတစ်ခုတွင် Kromadit သည် ကုမ္ပဏီများအတွက် အလားအလာရှိသော အသက်သွေးကြောတစ်ခုအဖြစ် နိုင်ငံရပ်ခြားသို့လုပ်ငန်းချဲ့ထွင်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ဒေသတွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ အပြောင်းအလဲများကိုလည်း ပြောကြားခဲ့ကြောင်းသိရသည်။

Source : သည်လာအိုတိုင်းမ်စ်


READ NEXT
Cancel OK