မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်တည်ဆောက်နေသည့် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့်ဈေးသစ်၏ ဓာတ်လှေကားအတွက် ဆိုလာစနစ်ဆောင်ရွက်ထားရမည်ဟု နစက ဥက္ကဋ္ဌက ယနေ့ စက်တင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင် ယင်းစျေးသစ်
တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
စျေးသစ်တွင် ရေ/မီးစနစ်များ စနစ်တကျရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကာ ဓာတ်လှေကားစ နစ်၌ လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေးမှာအရေးကြီးသဖြင့် ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေးအတွက် ဆိုလာစနစ်ဖြင့်
ဆောင်ရွက်ထားရမည်ဟု မှာကြားသည်။
တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရေစီးရေလာနှင့်ရေဝင်ရေထွက်ကောင်းမွန်စေရေးကိုထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများအား စနစ်တကျထည့်သွင်းထားရမည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများစနစ်တကျဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရမည်ဟုလည်း မှာကြားသည်။
” စားသောက်ဆိုင်ခန်းတွေ ထားရှိမယ့်အထပ်မှာ သန့်ရှင်းမှုရှိစေဖို့ကို အလေးထားဆောင်ရွက်ရပါမယ်။ အခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းဟာ ပြင်ဦးလွင်မြို့ရဲ့ လူနေမှုထူထပ်လာမှု ခရီးသွားလာမှုများပြားလာမှုများတွေနဲ့ကိုက်ညီတဲ့ အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေဖို့နဲ့ ဒေသထွက်နဲ့ အခြေခံသုံးကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းရရှိနိုင်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်တာကြောင့် စံပြဈေးဖြစ်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် ဒေသထွက်အသားများ၊ ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများကို စနစ်တကျထုပ်ပိုး၍ထည့်သွင်းရောင်းချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ပွဲတော်ရာသီများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများလာရောက်ချိန်၌ ယာဉ်များ စနစ်တကျရပ်နားနိုင်ရေး၊ စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်နိုင်
ရေး၊ ဆိုင်ခန်းများ စနစ်တကျရှိစေရေးတို့အတွက်လည်း ကြိုတင်တွက်ချက်ဆောင်ရွက်ထားရမည်ဟု မှာကြားခဲ့သည်။
အဆိုပါစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ရှင်းလင်းတင်ပြခဲ့ပြီးနောက် နစက ဥက္ကဋ္ဌမှ စီမံကိန်းအတွင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
