မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့်(၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြီးအကဲများမှ ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြကြောင်း ဘယ်လာရုစ်သတင်းဌာနဖြစ်သည့် Minsk Pravda က စက်တင်ဘာလ ၂၂ ရက်နေ့တွင်ဖော်ပြခဲ့သည်။
ဘယ်လာရုစ်သမ္မတ Mr. Alexander Lukashenko မှပေးပို့သည့် သဝဏ်လွှာတွင် လွန်ခဲ့သောနှစ်များက နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားမည်အကြောင်းပါဝင်သည်ဟု ရေးသားထားသည်။
ထို့ပြင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံတွင်တွေ့ဆုံ၍ အနာဂတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီးနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာပါစေဟု ဆုမွန်ကောင်းတောင်းသည်ဟု ဖော်ပြထားသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့ခဲ့သော ဂုဏ်ပြုသဝဏ်လွှာတွင် လွန်ခဲ့သည့်ရာစုနှစ်၏ လေးပုံတစ်ပုံ၌ ဘုံအကျိုးစီးပွားနှင့် အပြန်အလှန်လေးစားမှုကို အခြေခံသည့် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပေါ်ပေါက်လာခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် မကြာသေးမီ ကာလအတွင်း နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးသည် တိုးမြင့်လာခဲ့ကာ အထူးသဖြင့် ကာကွယ်ရေး၊ သံခင်းတမန်ခင်းနှင့် ပညာရေးနယ်ပယ်များဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ ဆက်ဆံရေးသည် ပိုမိုခိုင်မာလာခဲ့ကြောင်းနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်နိုင်မည်ဟု နစကဥက္ကဋ္ဌ၏ ဂုဏ်ပြုသဝဏ်လွှာတွင်ပါဝင်ကြောင်း ရေးသားထားသည်။
ဘယ်လာရုစ်သမ္မတ Mr. Alexander Lukashenko နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၄ ခုနှစ်တွင် ဘီလာရုစ်နိုင်ငံ၌ (၁)ကြိမ် တွေ့ဆုံခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
