ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်စာသင်ကျောင်းများကို အမြန်ဆုံးပြင်ဆင်၍ အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော ရေဘေးကြုံတွေ့ခဲ့ရသည့် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ်အချို့ရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းများတွင်ရောက်ရှိနေပြီး နှစ်ဝက် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေးအတွက်စီစဉ်ပေးရန်လည်း မှာကြားသည်။
ထို့ပြင် သောက်သုံးရေရရှိရေး၊ ကျောင်းဆောင်၊ စာသင်ခန်းများနှင့် သန့်စင်ခန်းများ သန့်ရှင်းရေး၊ နုန်းများဆေးကြောရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပညာရေး ဒု-ဝန်ကြီးဒေါက်တာဇော်မြင့် ၊ ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့က ရေဘေးသင့်ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
