ကော့စမွေ၊စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံကော့စမွေကျွန်းရှိ တရားမဝင်ဇိမ်ခံအိမ်များ၌ တည်းခိုနေထိုင်နေကြသည့် နိုင်ငံခြားခရီးသွားများအနေဖြင့် အိမ်များမှ ဖယ်ရှားပေးရန် အာဏာပိုင်များကတိုက်တွန်းထားသော်လည်း အိမ်ရှင်များက လျစ်လျူရှုကာ ဧည့်သည်များကို နေ့စဉ်သော်လည်းကောင်း၊လချုပ်ဖြင့်သော်လည်းကောင်း ဆက်လက်ငှားရမ်းနေဆဲဖြစ်သည်။
အာဏာပိုင်များက လာရောက်စစ်ဆေးချိန်၌ ယခုကဲ့သို့ တရားမဝင် ငှားရမ်းနေထိုင်ခြင်းသည် ထိုင်းနိုင်ငံ၏ဥပဒေအရ အဆောက်အအုံ အသုံးပြုမှုဆိုင်ရာတားမြစ်ချက်ကို ချိုးဖောက်နေသည်ဟုလည်းရှင်းပြပြောကြားခဲ့သည်။ ၎င်းတို့ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန်၌ Lamai ဒေသရှိ ဇိမ်ခံအိမ်တစ်လုံးကို လူဇင်ဘတ်နိုင်ငံသားတစ်ဦးက ငှားရမ်းထားသည်ကိုတွေ့ရသည်ဟုဆိုသည်။
အဆိုပါလူဇင်ဘတ်နိုင်ငံသားကမူ ၎င်းအနေဖြင့် နိုင်ငံခြားသားတစ်ဦးထံမှ ယခုအိမ်ကို ခြောက်လစာချုပ်ဖြင့်ငှားရမ်းထားပြီးဖြစ်ကာ တစ်လလျှင် ယူရို ၇,၀၀၀ (ထိုင်းဘတ်ငွေ ၂၅၀,၄၉၀) ပေးရကြောင်းလည်းပြောကြားခဲ့သည်။
၎င်းအနေဖြင့် ယင်းသို့ဥပဒေရှိသည်ကိုမသိကြောင်းနှင့် အသုံးပြုလို့မရသည်ကို အမှန်တကယ် မသိကြောင်းလည်းေပြာကြားခဲ့သဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ရှင်းလင်းပြောကြားပေးခဲ့ပြီး အိမ်ပိုင်ရှင်ကို တရားစွဲမည်ဟုသိရသည်။
အလားတူပင် ရုရှားမိသားစုတစ်စုကလည်း အဆိုပါအိမ်များကို တရားမဝင်ကြောင်းမသိသဖြင့် တည်းခိုဖို့ငှားထားရာ နှစ်ပတ်ကို ဘတ်နှစ်သိန်းဖြင့်ငှားထားမိသည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့်လည်း အာဏာပိုင်များက တရားဝင်မဝင်နေထိုင်မှုကိစ္စများနှင့်ပတ်သက်ပြီး ထပ်မံရှင်းပြခဲ့ကာ ငှားရမ်းသူများကို ဥပဒေအရအရေးယူမည်ဟုလည်းပြောကြားခဲ့သည်။
Source : Khasod English


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
