သေနတ်ကိုင်ထားပြီး ပြောက်ကျားဝတ်စုံများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ လက်ကိုင်ဖုန်းအတွင်းမှ တွေ့ရှိခဲ့သည့်အတွက် လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့် က မွန်ပြည်နယ် ထောင်မှူးကျေးရွာ သထုံ- ဘားအံကားလမ်းတွင် တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် သထုံဘက်မှ ကြာပန်းကျေးရွာ ဘက်သို့ မောင်းနှင်လာသည့် Honda Wave 125 (အိုင်ကြီး) အမျိုးအစား အဖြူရောင် ဆိုင်ကယ်အား တားဆီးခဲ့ပြီးနောက် ဆိုင်ကယ် ပေါ်ပါလာသူ လူငယ်နှစ်ဦးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောကြားသည်။
“ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်က သထုံမြို့နယ် အနန်းပင် ကျေးရွာအုပ်စု အင်းကွဲ ကျေးရွာမှာ နေထိုင်ကြတဲ့ ဝင်းထိုက်စိုးဆိုသူနဲ့ စိုးမိုးထွန်းတို့ နှစ်ဦးပါ။ သူတို့ရဲ့ လက်ကိုင်ဖုန်း ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ လက်ကိုင် ဖုန်းအတွင်းမှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ပြီးတော့ သေနတ်ကိုင်ထားပြီး ရိုက်ကူးထားတဲ့ ပုံတွေ တွေ့ရလို့ ဖမ်းဆီးစစ်ဆေးမှုတွေလုပ် ဆောင်နေတယ်လို့ သိရပါတယ်” ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။
၎င်းတို့ နှစ်ဦးမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှဖြစ်သည်ကို မသိရသေး ကြောင်းနှင့် စစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် မွန်ပြည်နယ် သထုံ မြို့နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှု များဖြစ်ပွားနေသည့်အတွက်ကြောင့် သထုံမြို့ နယ်အတွင်းရှိ အဝင်အထွက် နေရာများ၊ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဘက် မှ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
