ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တောင်းဆိုခဲ့ပြီး ဗာတီကန် သို့ ၎င်းလာရောက်ရန် လက်ခံကြိုဆိုကြောင်းလည်း ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ပြီး ဗာတီကန်ကို ဘေးကင်းရာနေရာအဖြစ် ကမ်းလှမ်းခဲ့သည်ဟု အာရှ ၌ ဘရင်ဂျီ ဂိုဏ်းဝင်များနှင့် မကြာသေးမီက သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျွန်တော် မေတ္တာ ရပ်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို ရောမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော်တို့ရဲ့နယ်မြေမှာ လက်ခံကြိုဆိုဖို့ ဗာတီကန်က ကမ်းလှမ်းခဲ့ပါတယ်” ဟု အရှေ့တောင်အာရှ ကို သွားခဲ့သည့် ၁၂ ရက် ကြာခရီးစဉ်အတွင်း သီးသန့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။
အသက် ၈၇ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်း ကြီးသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကို လာရောက်ခဲ့သည်။
ဘရင်ဂျီဘုန်းတော်ကြီး အန်တိုနီယိုစပါတာရို ရေးသားသော ဆောင်းပါးတွင် ပါဝင်သော ပုပ်ရဟန်းမင်းကြီး၏စကားများကို အီတလီနေ့စဉ်သတင်းစာ ကော်ရီယာဒယ်လာ ဆာရာက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြ ခဲ့သည်။
ဘုန်းတော်ကြီး အန်တိုနီယိုစပါတာရို သည် ပုပ်ရဟန်းမင်းကြီး၏သီးသန့်တွေ့ဆုံ ပွဲများကို တက်ရောက်ခဲ့သူဖြစ်ပြီး ပုပ်ရဟန်း မင်းကြီး၏ခွင့်ပြုချက်ဖြင့် အထက်ပါအ ကြောင်းအရာကို ရေးသားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ အားလုံး ရဲ့ဂုဏ်သိက္ခာနဲ့အခွင့်အရေးတွေကို လေးစား မှု၊ ဘုံ ကောင်းကျိုးအတွက် လူတိုင်း ပါဝင်လုပ် ဆောင်ခွင့်ရှိတဲ့ အခြေခံကျတဲ့ဒီမိုကရေစီကကိုလေးစားမှုတို့ အပေါ်အခြေခံပြီး ငြိမ်းချမ်း ရပါမယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက် ပြောကြားခဲ့သည် ဟု ဆိုသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာတပ်မတော်က နိုင်ငံတော် အာဏာကို လွဲပြောင်းယူချိန်က တည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့သည်။
အသက် ၇၈ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုများအတွက် ထောင် ၂၇ နှစ် ကျခံရမည့်အရေးနှင့်ရင်ဆိုင်နေရသည်။ ဧပြီလတွင် ၎င်းကို အကျဉ်းထောင်မှ ပြောင်းရွှေ့ခဲ့ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
