■ မူဆယ်မြို့တွင် အွန်လိုင်း လိမ်လည်မှုပြုလုပ်သူ တရုတ်နိုင်ငံသား ၄၃ ဦးနှင့် မြန်မာနိုင်ငံသား ဦးရေ ၄၀၀ ကျော် ဖမ်းဆီးရမိ
■ ၎င်းတို့အား သွားရောက်ဖမ်းဆီးချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အွန်လိုင်းလိမ်လည်မှုပြုလုပ်သူ တရုတ်နိုင်ငံသားများ ငှားရမ်းထားသည့် လက်နက်ကိုင်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့အတွင်း တရုတ်- မြန်မာ နယ်စပ်အနီး ရှိ နေအိမ်၊ဟိုတယ်၊ ရုံးခန်းများအား စက်တင်ဘာ ၂၂ ရက်နေ့နှင့် ၂၃ ရက်တို့တွင် ဝင်ရောက်စစ်ဆေးပြီး အွန်လိုင်း လိမ်လည်လုပ်ကိုင်သူများအား ဖမ်းဆီးရာ စက်တင်ဘာ ၂၃ ရက်က အွန်လိုင်း လိမ်လည်မှုပြုလုပ်သူ တရုတ်နိုင်ငံသား ၄၃ ဦးနှင့် မြန်မာနိုင်ငံသား ဦးရေ ၄၀၀ ကျော်ဖမ်းဆီးရမိကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ် အွန်လိုင်းလိမ်လည်မှုပြုလုပ်သူ တရုတ်နိုင်ငံသားများက ငှားရမ်းထားသော ပြည်သူစစ်ဝတ်စုံဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသည့်အဖွဲ့က ဝင်ရောက် စစ်ဆေးဖမ်းဆီးသော တပ်မတော် ၊ရဲတပ်ဖွဲ့တို့ ပါဝင်သော တာဝန်ရှိသူများကို စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အွန်လိုင်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားတွေကို တရုတ်ဘက်က သတင်းပေးတယ်နဲ့တူတယ်၊ မနေ့က မြို့ဝင်မြို့ထွက်တွေကို ပိတ်ပြီး တရုတ် မြန်မာ နယ်စပ်အနီး တလျှောက်မှာရှိတဲ့ နေအိမ်တွေ၊ ရုံးခန်းတွေ ၊ဟိုတယ်တွေကို ဒီဘက် တာဝန်ရှိသူတွေကသွားရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ကြားတယ်၊ ဒီအချိန်မှာ မင်္ဂလာမူဆယ် အနီး မြစ်ရွှေလီဘက်နဲ့ ဆန်စပါး ရုံး အနီးက နေအိမ်တွေကို ဒုတိယအကြိမ်သွားစစ်ဆေးရာမှာ တာဝန်ရှိသူတွေကို ပြည်သူ့စစ်အဖွဲ့ကစတင်ပစ်ခက်တာတွေ့ရတယ်၊အဲ့ဒီမှာ တပ်ကိုလှမ်းခေါ်ပြီး ဖမ်းဆီးရာကအပြန်အလှန်ပစ်ခက်မှုဖြစ်ကြတာအိမ်ကနေမြင်ရတယ်၊ကျွန်မတို့လည်း ပထမ စစ်ဖြစ်တယ်ထင်တာ နောက်မှ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကို ဖေါကားနဲ့တင်သွားတာ တွေ့ရတယ်၊ဒဏ်ရာရသူတွေလည်းရှိတယ်"ဟု မင်္ဂလာမူဆယ်အနီးနေထိုင်သူအမျိုးသမီးတစ်ဦးက ၎င်း၏ ကိုယ့်တွေ့မြင်ခဲ့ရမှုကို Eleven Media ကိုပြောကြားသည်။
Eleven Media အနေဖြင့်ရရှိထားသောစာရင်းအရ အဆိုပါ ဖမ်းဆီးမှုအတွင်း ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲပြီး တရုတ်နိုင်ငံသား အမျိုးသားဦးရေ ၄၀ နှင့် အမျိုးသမီး သုံးဦး အပြင် မြန်မာနိုင်ငံလုပ်သား ၄၀၀ ခန့် ဖမ်းမိခဲ့ပြီး သီးခြားအတည်မပြုနိုင်သော သတင်းများအရ စုစုပေါင်း ၈၀၀ ခန့်ဖမ်းမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ မူဆယ်ခရိုင် တာဝန်ရှိသူများနှင့် ပြန်ကြားရေးတာဝန်ရှိသူများထံ Eleven Media အနေဖြင့် ဖုန်းဆက်အတည်ပြုချက်ရယူရန် ကြိုးစားခဲ့သော်လည်း ၎င်းတာဝန်ရှ်ိသူများက တစ်စုံတရာ မှတ်ချက်ပြုဖြေကြားခြင်းမရရှိခဲ့ပေ။
ထွက်ပေါ်လာသော ရုပ်သံများထဲတွင်အပြန်အလှန်ပစ်ခတွမှုများပါဝင်သကဲ့သို့ အရပ်သားပြည်သူတစ်ချို့ ထိခိုက် မှုများပါရှိကာ ၊စိုးရိမ်မှုဖြင့် ကျည်ကွယ်ရာအရပ်များသို့ပုန်းအောင်နေသော အနေအထားများပါဝင်ခဲ့ကာ ဖမ်းဆီးရရှိခဲ့သော တရုတ်နိုင်ငံသားအချို့ကို Faw ကားများဖြင့် ဖမ်းဆီးတင်ဆောင်ကာ မင်္ဂလာမူဆယ် ကိုးထပ်တိုက်အတွင်း ယာယီဖမ်းဆီးထားသည်များကို တွေ့ရသည်။
ထို့ပြင် စက်တင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူတချို့ မူဆယ်မြို့သို့ လာရောက်ခဲ့ကြောင်းသိရပြီး မူဆယ်မြို့ဝင်မြို့ထွက်များကို ပိတ်ထားကာ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးစက်တင်ဘာ ၂၄ ရက်ထိ အွန်လိုင်းလိမ်လည်လုပ်ကိုင်နေသော တရားဝမဝင် ဝင်ရောက်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအား ရပ်ကွက်တစ်ခုပြီးတစ်ခု စစ်ဆေးရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရပြီး ဖမ်းဆီးရရှိခဲ့သော တရုတ်နိုင်ငံသားများအား အီလက်ထရွန်နစ်ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် ခြံစည်းရိုးသာ ခြားပြီး မူဆယ်မြို့အတွင်း လောင်းကစား ၊မူယစ်ဆေးဝါး၊လက်နက်အရောင်းအဝာ်နှင့် လူကုန်ကူးမှုများကို တရုတ်နိုင်ငံသား များ၏ ကြောထောက်နောက်ခံယူထားသူများက ဖွင့်လှစ်လုပ်ကိုင်နေကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မြေပြင် ပကတိဖြစ်ပေါ်နေသော စစ်ရေး နိုင်ငံရေး အခြေအရပ်ရပ်များအရ ပြန်ပေးဆွဲမှု ဓါးပြမှုများ မကြာခဏ ပြုလုပ်နေသည့် အဖွဲ့များလည်းရှိနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
