နယ်မြေခံတပ်များနှင့် ဒေသခံများ တစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေလုံခြုံရေး၊ ဒေသခံများ၏ လုံခြုံရေးကို အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ယနေ့ စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၃ ရက်တို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးစဥ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် ပြင်ဦးလွင်တပ်နယ်မှူးတို့က လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လုံခြုံရေးဆောင်ရွက်စဥ် လက်နက်ကိုင်အဖွဲ့များထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုတို့ကို ရှင်းလင်းတင်ပြစဉ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ် မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ် ငန်းများကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကာ တပ်နယ်အတွင်း နယ်မြေစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မိမိတို့တာဝန်ထမ်းဆောင်ရသည့်နယ်မြေအလိုက် ဒေသ၏ နယ်မြေဒေသအခြေအနေများ၊ ဒေသဆိုင်ရာအချက်အလက် များကို ခြေခြေမြစ်မြစ်သိရှိထားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်ကြီး၊ မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
