Top News

တရုတ်၏ ဓာတ်ခွဲခန်းယိုစိမ့်မှုသည် COVID-19 ကပ်ရောဂါဖြစ်လာရသည့် အကြောင်းအရင်းဖြစ်နိုင်သည်ဟု FBI ညွှန်ကြားရေးမှူး ပြောကြား
24htopnews | September 25, 2024 9:12 AM CST

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ် ခုမှ ယိုစိမ့်မှုတစ်ခုသည် COVID-19 ကပ်ရောဂါဖြစ်စေရသည့် အကြောင်းအရင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အေဂျင်စီက အကဲဖြတ်ကြောင်း ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ခရစ်တိုဖာရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

“FBI အနေနဲ့ အရင်က နှုတ်ဆိတ်နေပေမဲ့ အခုချိန်မှာ အကဲဖြတ်မှုအရ ကပ်ရောဂါရဲ့ မူလအစဟာ ဝူဟန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းဖြစ်စဉ်ကြောင့် ဖြစ်နိုင်တဲ့အလားအလာအများစုရှိနေပါတယ်”ဟု ရေးက Wall Street ကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် မရည်ရွယ်ဘဲ ဓာတ်ခွဲခန်းယိုစိမ့်မှုမှ ကပ်ရောဂါဖြစ်ပေါ်လာသည်ဟူသည့် ရလဒ်အပေါ် အမေရိကန်စွမ်းအင်ဌ နက အကဲဖြတ်ခဲ့ကြောင်း Wall Street ဂျာနယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြခဲ့ပြီးနောက် ရေး၏မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့တစ်ဖွဲနှင့်အတူ အခြားအေဂျင်စီလေးခုကမူ ကပ်ရောဂါသည် သဘာဝအလျောက်ကူးစက်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟူသည့် ရလဒ်နှင့်အတူ အေဂျင်စီနှစ်ခုကမူ မဆုံးဖြတ်ရသေးကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက ကပ်ရောဂါ၏မူ လဇစ်မြစ်အပေါ် တိကျသော သုံးသပ်ချက်နှင့် အများဆန္ဒထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ရေးက အေဂျင်စီအနေဖြင့် ခွဲခြမ်းစိတ်ဖြာနေသောကြောင့် အေဂျင်စီ၏သုံးသပ်ချက် အသေးစိတ်ကို မျှဝေနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါ၏မူလဇစ်မြစ်အကြောင်း ပိုမိုသိရှိနိုင်ရန် အမေရိကန်နှင့် အခြားနိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုများကို တရုတ်အစိုးရ တားဆီးရန်နှင့် ရှုပ်ထွေးစေရန်ကြိုးပမ်းဆောင်ရွက်နေသည်ဟု ရေးကစွပ်စွဲပြောကြားခဲ့သည်။

တရုတ်သည် မတ် ၁ ရက်မှစ၍ စင်ကာပူ၊မလေးရှား၊ကမ္ဘောဒီးယားနှင့် နယူးဇီလန် အပါအဝင် နိုင်ငံအများအပြားမှ ခရီးသွားများအတွက် COVID-19 စစ်ဆေးရန်လိုအပ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

မထွက်ခွာမီ ၄၈ နာရီထက်ကျော်လွန်ခြင်းမရှိဘဲ စစ်ဆေးသည့် PCR စစ်ဆေးမှု ရလဒ်ပြသရန်လိုအပ်တော့မည်မဟုတ်ဟု ဆိုသည်။

ယင်းအစား တရုတ်နိုင်ငံသို့ တိုက်ရိုက်ပျံသန်းလာသည့် ခွင့်ပြုချက်ရခရီးသွားများသည် လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်း Antigen Rapid Test (ART) စစ်ဆေးနိုင်သည်ဟု ဆိုသည်။

“ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံကို လာရောက်တဲ့အခါ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိတဲ့ စစ်ဆေးချက်ရလဒ်ပြဖို့ လိုအပ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ရလဒ်တွေ့မယ်ဆိုရင် သင့်အနေနဲ့ COVID-19 ကူးစက်မခံရတော့ဘူးဆိုတဲ့ ရလဒ်ထွက်လာတဲ့ အချိန်မှ တရုတ်နိုင်ငံကိုသွားသင့်ပါတယ်”ဟု စင်ကာပူရှိတရုတ်သံရုံးက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိကပ်ရောဂါအခြေအနေအလိုက် စည်းမျဉ်းများကိုဖြေလျှော့ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


READ NEXT
Cancel OK