ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်တွင် တင်းကျပ်သော COVID-19 ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး သုံးနှစ် ကျော်အကြာတွင် ပုံမှန်လူနေမှုဘဝကို ပြန်လည်စတင်ရန်နှင့် ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဆွဲဆောင်ရန် ကြိုး ပမ်းမှုအဖြစ် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရသည့် စည်းမျဉ်းကို ရုပ်သိမ်းသွားမည်ဟု အုပ်ချုပ်ရေးမှူး ဂျွန်လီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
၎င်းအစီအမံသည် မတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း လီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရမည့်စည်းမျဉ်းကို ထုတ်ပြန်ထားဆဲဖြစ်သည့် ကမ္ဘာပေါ်ရှိ နေရာဒေသများအနက်မှ တစ်ခုဖြစ်သည်။
ဟောင်ကောင်နှင့် မကာအိုတို့သည် လွန်ခဲ့သော သုံးနှစ်တာကာလ၏ အချိန်အများစုတွင် တရုတ်အစိုးရ၏ ကိုဗစ်ကင်းစင်ရေး မူဝါဒကို တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့သည်။ ဟောင်ကောင်တွင် တင်းကျပ်သော ဗိုင်းရပ်စ်ထိန်းချုပ်ရေးစည်းမျဉ်းများကို ယ မန်နှစ်တွင် စတင်ဖြေလျှော့ပေးခဲ့သော်လည်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရမည့်စည်းမျဉ်းကို ၂၀၂၀ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
“ဒီဆုံးဖြတ်ချက်ကိုချမှတ်ဖို့ ဒါက အကောင်းဆုံးအချိန်အခါလို့ ထင်ပါတယ်။ ဟောင်ကောင်ဟာ ပုံမှန်အခြေအနေကို ပြန် သွားနေပြီဆိုတာကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာဖြစ်တယ်” ဟု လီက ပြောကြားခဲ့သည်။
နောက်ထပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် မကာအိုတွင်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆေးရုံ များနှင့် နေရာဒေသအချို့မှလွဲ၍ နေရာအများစုတွင် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ချက်ကို ရုပ်သိမ်းသွားမည်ဟု ဖေဖော်ဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။
တရုတ်ပြည်မကြီးတွင်လည်း ပြည်သူများအနေဖြင့် ပြင်ပနေရာများတွင် နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်သော်လည်း လေ ဆိပ်နှင့် ရထားဘူတာကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများတွင် နှာခေါင်းစည်းတပ်ဆင်ကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်ဆွဲဆောင်ရန် ကြိုးပမ်းမှုအဖြစ် လေယာဉ်လက် မှတ်အစောင်ရေငါးသိန်း အခမဲ့ပေးခြင်း ပါဝင်သော ‘Hello Hong Kong’’ ဟု အမည်ရသော အစီအစဉ်တစ်ရပ်ကို အုပ်ချုပ်ရေးမှူး ဂျွန်လီက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်တာကာလ၏ အချိန်အများစုတွင် ဟောင်ကောင်သည် ၎င်း၏နယ် နိမိတ်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့ပြီး ဟောင်ကောင်သို့ ရောက်ရှိလာသူများအနေဖြင့် သီတင်းပတ်သုံးပတ်အထိ မဖြစ်မနေ ကွာရန်တင်းဝင်ရခြင်း၊ ဆေးစစ်မှုများကိ ကျယ်ကျယ်ပြန့်ပြန့် ခံယူရခြင်းကဲ့သို့သော စည်းမျဉ်းများကို ချမှတ်ကာ ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
ဟောင်ကောင်ရှိ စာသင်ကျောင်းများတွင် နှာခေါင်းစည်း တပ်ဆင်ရန်လိုအပ်သည့် စည်းမျဉ်းကို တင်းတင်းကျပ်ကျပ် ကျင့်သုံး လျက်ရှိရာ ငယ်ရွယ်သည့် ကျောင်းသားကျောင်းသူကလေးငယ်များသည်လည်း အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည်။ ထို့အတွက်ကြောင့် ကလေးငယ်များ၏ ပညာသင်ကြားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်မှုများထွက်ပေါ်ခဲ့သည်။
စီးပွားရေးလုပ်ငန်းများ၊ သံတမန်များနှင့် ဒေသခံများက ဟောင်ကောင်၏ ဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းမျဉ်းများကို အကြီးအကျယ် ဝေဖန်ပြစ်တင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
