ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ဓာတ်ခွဲ ခန်းယိုစိမ့်မှုတစ်ခုမှ ပေါ်ပေါက်လာပုံရသည်ဟု အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ကောက်ချဆွဲလိုက်သည်ဆိုသော သတင်းများ ထွက်လာပြီးနောက် တရုတ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ ဇာစ်မြစ်နှင့်စပ်လျဉ်း၍ ပိုမိုရိုးသားရမည်ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က ပြောကြားသည်။
ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အားကောင်းမောင်းသန်ဖြစ်လာစေဖို့ဆိုလျှင် တရုတ်သည် WHO တွင်ပိုမိုတက်တက်ကြွကြွပါဝင်ရန် လိုအပ်နေသည်ဟု အမေရိကန် ကုန်သည်ကြီးများအသင်း၏ အခမ်းအနားတစ်ခုတွင်ဗီဒီယိုလင့်ခ်မှ တစ်ဆင့်ပြောကြားရာ၌ သံအမတ်နီကိုလပ်စ်ဘန်းစ်က ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပြဿနာ၏ဇာစ်မြစ်နှင့်ပတ်သက်၍ လွန်ခဲ့သောသုံးနှစ်က ဝူဟန်မြို့တွင် ဖြစ်ပျက်သည့်အရာကို တရုတ်က ပိုမိုရိုးသားရန်လည်း လိုအပ်မည်ဟု ဘန်းစ်က ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲတွင် လူကို ပထမဆုံးကူးစက်မှုဖြစ်စဉ်များဖြစ်ပွားရာ တရုတ်အလယ်ပိုင်းမြို့ကြီးဝူဟန်ကို ရည်ညွှန်းပြောကြားခဲ့သည်။
ကူးစက်ရောဂါသည် တရုတ်ဓာတ်ခွဲခန်းယိုစိမ့်မှုမှ ပေါ်ပေါက်လာပုံရသည်ဟု အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ကောက်ချက်ဆွဲ ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ဝေါစထရိဂျာနယ်က ပထမဆုံး ဖော်ပြခဲ့သည်။ အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက၏ စိစစ် ချက်ကို တရုတ်အစိုးရက ငြင်းဆန်ထားသည်။
အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး အဗရီဟိုင်း၏ ရုံးမှလျှို့ဝှက်အစီရင်ခံစာတွင် ဖော်ပြထားသော စိစစ်သတ်မှတ်ချက် သည် ဗိုင်းရပ်စ်ပေါ်လာပုံကို မဆုံးဖြတ်နိုင်ဟု ယခင်က ပြောကြားခဲ့သော စွမ်းအင်ဝန်ကြီးဌာန၏ ပြောကြားချက်ကို ပြောင်းလဲသွားစေခဲ့ပြီး အဆိုပါစိစစ်သတ်မှတ်ချက်ကိုဝေါစထရိဂျာနယ်ကဖော်ပြခဲ့သည်။
လျှို့ဝှက်အစီရင်ခံစာဖတ်ခဲ့သူများ၏ပြောဆိုချက်များကို ဝေါစထရိဂျာနယ်က လည်းကောင်း၊ နယူးယောက်တိုင်း(မ်)သတင်း စာကလည်းကောင်း ကိုးကားဖော်ပြခဲ့ရာ၌ စွမ်းအင်ဌာနသည် နည်းပါသောယုံကြည်ချက်ဖြင့် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်အစိုးရဌာနများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဇာတ်မြစ်နှင့် ၂၀၂၀ အစောပိုင်းတွင် ကမ္ဘာကိုပျံနှ့ံခဲ့ သောကူးစက်ရောဂါနှင့်ပတ်သက်၍ သဘောထားကွဲနေပုံတို့ကို ထင်သာမြင်သာဖြစ်စေကြောင်း ဖော်ပြခဲ့သည်။
ကိုဗစ်သည် သဘာဝကူးစက်မှုမှ ဖြစ်လာခြင်းဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းလေးခုက ယုံကြည်ထားပြီး အခြားထောက်လှမ်းရေးအဖွဲ့နှစ်ဖွဲ့ကမူ ဆုံးဖြတ်နိုင်ခြင်းမရှိဟု ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။
သမ္မတဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်က ယင်းပြဿနာမှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းတွင် အမြင်အမျိုးမျိုးဖြစ်နေဆဲဖြစ်သည်ဟု ဖေဖော်ဝါ ရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
“အတော်များများကတော့ သူတို့မှာ လုံလောက်တဲ့သတင်းအချက်အလက်မရှိဘူး လို့ပြောနေကြပါတယ်”ဟု ဆူလီဗန်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။
ကိုဗစ်သည် ဓာတ်ခွဲခန်းယိုစိမ့်မှုဆိုသည်ထက် လင်းနို့များမှဖြစ်ပုံရသည်ဟု ဆိုသော WHO-တရုတ် အစီရင်ခံစာကို တရုတ်က ရည်ညွှန်းထာသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
