အမေရိကန်၏ P-8 A Poseidon ပင်လယ်ပြင်ကင်းလှည့်ထောက်လှမ်းရေး စစ်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်ကျော်ပျံသန်းခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည်ဟု တရုတ်က စွပ်စွဲပြောဆိုခဲ့သည်။
အမေရိကန်စစ်တပ်သည် ကျဉ်းမြောင်းသော ထိုင်ဝမ်ရေလက်ကြားမှ စစ်သင်္ဘောများ မကြာခဏ ခုတ်မောင်းခြင်းနှင့် စစ်လေယာဉ်ပျံသန်းမှုများကို အခါအားလျော်စွာ လုပ်ဆောင်ခဲ့ခြင်းတို့အပေါ် တရုတ်ကအမျက်ဒေါသထွက်လျက်ရှိပြီး ၎င်းရေလက်ကြားနှင့်ပတ်သက်၍ မိမိတို့တွင် အချုပ်အခြာအာဏာနှင့် စီရင်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။ ထိုင်ဝမ်နှင့် အမေရိကန်ကမူ ၎င်းရေလက်ကြားသည် အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
အမေရိကန် ကင်းထောက်လေယာဉ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်ကျော်ပျံသန်းစဉ် မိမိတို့၏ တပ်ဖွဲ့ဝင်များက အနီးကပ်စောင့် ကြည့်ခဲ့သည်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့ဘက်စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်ကဆိုသည်။ P-8 A Poseidon လေယာဉ်ကို ရေငုပ်သင်္ဘောတိုက်ဖျက်ရေး မစ်ရှင်များတွင်လည်း အသုံးပြုလေ့ရှိသည်။
“အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း အခြေအနေကို ရည်ရွယ်ချက်ရှိရှိကြား ဝင်စွက်ဖက်နှောင့်ယှက်ခြင်းဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြားဒေသတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေပါတယ်။ မိမိတို့အနေနဲ့ အဲဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” ဟု တရုတ်စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မိမိတို့၏ တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်ပြည့် သတိကြီးကြီးထားပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို မဆုတ်မနစ်ကာကွယ်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ပင်တဂွန်ကမူ ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပေ။
ထိုသို့သော မစ်ရှင်များသည် အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် မစ်ရှင်များတွင် အမေရိကန်က ပြောကြားထားသည်။
ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အဆိုပါလေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ တောင်ဘက်သို့ ဦးတည် ပျံသန်းခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါလေယာဉ် ရေလက်ကြားမှဖြတ် ကျော်ပျံသန်းစဉ်တွင် ထိုင်ဝမ်တပ်ဖွဲ့ဝင်များက စောင့်ကြည့်ခဲ့ကြောင်းနှင့် သာမန်အခြေအနေတစ်ခုသာဖြစ်ကြောင်းလည်း ထိုင်ဝမ်က ဆိုသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို တစ်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်း စည်းမည့် ၎င်းတို့၏ပိုင်နက်နယ်မြေတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားသည်။
ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ အဆုံးအဖြတ်ပေးနိုင်ပြီး ခြိမ်းခြောက်မှုများကို အညံ့ခံ မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ အမေရိကန်သည် နိုင်ငံတကာမျက်နှာစာတွင် ထိုင်ဝမ်ကို အဓိက ကျောထောက်နောက်ခံပေးနေသည့်နိုင်ငံဖြစ်သကဲ့သို့ စစ်လက်နက်များကိုလည်း ရောင်းချပေးနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
