တရုတ်သမ္မတ ရှီကျင်းပင်သည် ထိုင်ဝမ်ကို ကျူးကျော်ရန်အတွက် ၂၀၂၇ ခုနှစ်တွင် အသင့်ရှိနေစေရန် ၎င်း၏စစ်တပ်ကို ညွှန်ကြားထားသော်လည်း ယူကရိန်းကို စစ်ပွဲဆင်နွှဲရာတွင် ရုရှားတို့ ကြုံတွေ့နေရသည့် အခြေအနေကြောင့် ၎င်းအနေဖြင့် ယင်းသို့ လုပ်ဆောင်နိုင်စွမ်းအပေါ် သံသယရှိနေပုံရကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းများက ညွှန်ပြနေသည်ဟု စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယမ်ဘန်းစ်က ပြောကြားခဲ့သည်။
စစ်ရေးပဋိပက္ခသည် ရှောင်လွှဲ၍မရသော အခြေအနေမဟုတ်သည့်တိုင် တစ်ချိန်ချိန်တွင် ထိုင်ဝမ်ကို ထိန်းချုပ်လိုသည့် သမ္မတ ရှီ၏ဆန္ဒကို အမေရိကန်အနေဖြင့် အထူးဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ဝီလီယမ်ဘန်းစ်က ပြောကြားခဲ့သည်။
“၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကိုကျူးကျော်ဖို့အတွက် အသင့်ရှိနေအောင် သမ္မတရှီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ညွှန်ကြားထားတယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ ဒါပေမဲ့ ၂၀၂၇ ခုနှစ် ဒါမှမဟုတ် အ ခြားတစ်နှစ်နှစ်မှာ ကျူးကျော်ဖို့ ဆုံးဖြတ်ထားတယ်လို့တော့ မဆိုလိုပါဘူး” ဟု CBS သတင်းဌာန၏ Face the Nation အစီအစဉ် တွင် ၎င်းကပြောကြားခဲ့သည်။
“သူတို့အနေနဲ့ အဲဒီကျူးကျော်မှုကို အောင်အောင်မြင်မြင် လုပ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး သမ္မတရှီနဲ့ သူ့ရဲ့စစ်ဘက်ခေါင်း ဆောင်တွေက လက်ရှိအချိန်မှာ သံသယရှိနေတယ်လို့ မိမိတို့အနေနဲ့ ကောက်ချက်ချထားတယ်” ဟု ၎င်းက ဆိုသည်။
၁၉၇၉ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျင်မီကာတာသည် တရုတ်အစိုးရကို တရားဝင် အသိအမှတ်ပြုခဲ့ပြီး ထိုင်ဝမ်နှင့် နိုင်ငံအ ဆင့်ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့သည်။ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကွန်ဂရက်က ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေကို အတည်ပြုကာ ထိုင်ဝမ်နှင့်ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်ရန် အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သည်။
တရုတ်၏ အင်အားပြမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်ဝမ်၏ ဒီမိုကရေစီအတွက် အမေရိကန်က တရားဝင် ထောက်ခံအားပေး သည့် လုပ်ရပ်အများအပြားကို ပြသခဲ့သည်။ ထိုင်ဝမ်သည် မိမိ၏ပိုင်နက်နယ်မြေ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်က အခိုင်အ မာပြောဆိုထားသည်။
သမ္မတဂျိုးဘိုင်ဒင်ကလည်း တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ရန် ကြိုးပမ်းလာလျှင် အမေရိကန်တပ်ဖွဲ့ဝင်များက ထိုင်ဝမ်ကိုကာ ကွယ်ပေးမည်ဟု ပြောကြားထားသည်။ သို့ရာတွင် ထိုင်ဝမ်အရေးကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းမှုကို မြင်တွေ့လိုသည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်ဥရောပနိုင်ငံများက ယူကရိန်းကို အထောက်အပံ့ပေးမှုများသည် လတ်တလောတွင် တရုတ်အစိုးရအတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နိုင်သော်လည်း ထိုင် ဝမ်ကို တိုက်ခိုက်လာနိုင်သည့် အလားအလာသည် ပိုမိုအားကောင်းလာလိမ့်မည်ဟု ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူး အစီအစဉ်တွင် ဝီလီယမ်ဘန်းစ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
