အီတလီတောင်ပိုင်း ကာလာဘရီယာဒေသ၏ လှိုင်းလေထန်သောပင်လယ်ပြင်တွင် ဖေဖော်ဝါရီ ၂၆ ရက် စောစောပိုင်းက မတန်တဆဝန်တင်လာသောလှေ နစ်မြုပ်ခဲ့ပြီးနောက် ကလေး ၁၁ ဦးနှင့် မွေးကင်းစကလေးတစ်ဦးတို့အပါဝင် အနည်းဆုံးရွှေ့ ပြောင်း ၅၉ ဦးသေဆုံးသွားသည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်အထိတော့ သေဆုံးတယ်လို့အတည်ပြုထားတဲ့ အရေအတွက်ဟာ ၅၉ ဦးဖြစ်ပါတယ်”ဟု ကမ်းရိုးတန်းမြို့ကြီး ခရိုတိုနီ၏မြို့တော်ဝန် ဗီစင်ဇိုဗိုချီက ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် Sky TG-24 ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။
သေဆုံသူ ၅၉ ဦးထဲက ၁၂ ဦးမှာ ကလေးများဖြစ်ပြီး အမျိုးသမီး ၃၃ ဦးပါဝင်သည်ဟု ခရိုတိုနီကယ်ဆယ်ရေးဌာန၏ ထုတ်ပြန်ချက်ကို AGI သတင်းဌာနက ဖော်ပြခဲ့သည်။ သေဆုံးခဲ့သည့် ကလေး ၁၂ ဦးထဲတွင် မွေးကင်းစ ကလေးတစ်ဦးပါဝင်သည်ဟု ဆိုသည်။
မတန်တဆတင်လာသောလှေမှာ ခရိုတိုနီအနီး လှိုင်းကြမ်းများထဲတွင် ကွဲထွက်သွားခြင်းဖြစ်သည်ဟု အီတလီကမ်းခြေစောင့်တပ် က ပြောကြားသည်။ မသင်္ကာစရာ လူခိုးသွင်းသူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးထားသည်ဟု အရာရှိတစ်ဦးက ပြောကြားသည်။
ကမ်းခြေမှ ၃၂၈ ပေ (မီတာ ၁၀၀) ခန့်တွင် သစ်သားအပျက်အစီးများ ပြန့်ကျဲနေပြီး ထိုနေရာတွင် ကယ်ဆယ်ရေးသမား အ များအပြား ရောက်နေသည်ကို အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မြင်ရသည်ဟု ဆိုသည်။
လှေသည် လူ ၂၀၀ ကျော်တင်လာခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
“ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်ဆိုး ဖြစ်ပွားပြီးတဲ့နောက် ကာလာဘရီယာဒေသဟာ ဝမ်းနည်းပူဆွေးနေပါတယ်”ဟု ဒေသန္တရအုပ်ချုပ်ရေးမှူးရောဘတ်တိုအော်ချူတိုက ပြောကြားသည်။
ဥရောပတွင် ပိုမိုကောင်းမွန်သော ဘဝရရှိလာလိမ့်မည်ဆိုသည့် မျှော်လင့်ထားသောအရာအတွက် ပဋိပက္ခနှင့်ဆင်းရဲမွဲတေမှုတို့မှ ထွက်ပြေးလာကြသူများအတွက် တာဝန်မျှယူကြရန် နည်းလမ်းများကို မျှတစွာသဘောတူရေး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသ မဂ္ဂနှင့်ဥရောပကော်မရှင်အကြီးအကဲတို့က နိုင်ငံများကို တိုက်တွန်းခဲ့သည်။
“နောက်ထပ်အဖြစ်ဆိုးတွေကို ရှောင်ရှားဖို့ နိုင်ငံတွေအနေနဲ့ ငြင်းခုံနေတာကို ရပ်ချိန်တန်ပါပြီ။ မျှတ၊ ထိရောက်ပြီး မျှဝေအစီ အမံတွေကို သဘောတူကြဖို့ အချိန်ကျနေပါပြီ”ဟု ဒုက္ခသည်များအတွက် ကုလသမဂ္ဂမဟာမင်းကြီးဖီလစ်ပိုဂရန်ဒီက ပြောကြား သည်။
အကူအညီလိုအပ်နေသူများအတွက် ရပ်တန့်နေသည့်ခိုလှုံခွင့်ပေးရေးဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)နည်းဥပဒေပြုပြင် ပြောင်းလဲရေးတွင် တိုးတက်မှုရရှိရေးကို ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါ လေယန်က တောင်းဆိုခဲ့သည်။
“ မြေထဲပင်လယ်အလယ်ပိုင်းနဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်အစီအမံ၊ ရွှေ့ပြောင်း၊ ခိုလှုံခွင့်တို့နဲ့ပတ်သက်ပြီး အီးယူသ ဘောတူညီချက်တို့အတွက် ကြိုးပမ်းအားထုတ်တာတွေကို ကျွန်မတို့ နှစ်ဆလုပ်ကြရပါမယ်”ဟု ၎င်းက ပြောကြားသည်။
“အစိုးရဟာ (ရွှေ့ပြောင်းလှေ) ထွက်ခွာမှုတွေကို တားဆီးဖို့ လုပ်ဆောင်နေပါတယ်။ အဲ့ဒီအထဲမှာ ဒီလိုမျိုးအဖြစ်ဆိုးကို တားဆီး တာပါဝင်ပါတယ်”ဟု အီတလီကမ်းရိုးတန်းများကို ရောက်လာသော ရွှေ့ပြောင်းစီးဝင်မှုများကို ထိန်းချုပ်မည်ဟု ပြောကြားကာ အောက်တိုဘာတွင် အာဏာရလာသော လက်ယာစွန်းဝန်ကြီးချုပ်ဂျော်ဂျီယာမယ်လိုနီက ပြောကြားသည်။
ရွှေ့ပြောင်းအများစုမှာ အာဖဂန်နစ္စတန်နှင့် အီရန်တို့မှလာသူများဖြစ်သည်ဟု အီတလီသမ္မတဆာဂျီယိုမတ်တာရယ်လာက ပြောကြားခဲ့ပြီး ၎င်းတို့မှာကြမ်းတမ်းသော အခြေအနေများမှထွက်ပြေးလာသူများဟုဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
