ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီ အသင်းတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် စက်တင်ဘာ ၂၃ ရက်က ဒူးခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း သိရသည်။
အောင်သူသည် အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်ကြောင့် လိဂ်ပြိုင်ပွဲ ခေတ္တရပ်နားမည့်ကာလတွင် ဒူးခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။ အောင်သူသည် အူထိုင်းထာနီအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ယင်းဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သဖြင့် ပြိုင်ပွဲခေတ္တရပ်နားမည့်ကာလတွင် ခွဲစိတ်ခဲ့ခြင်းဖြစ်သည်။
အူထိုင်းထာနီ အသင်း၏ ထုတ်ပြန်ချက်အရ အောင်သူသည် သုံးပတ်မှ ခြောက်ပတ်အထိ အနားယူရမည် ဖြစ်ပြီး အစောဆုံး နိုဝင်ဘာမှသာ ပြန်လည်ကစားနိုင်မည်ဖြစ်သည်။ အောင်သူသည် ဒူးခွဲစိတ်ကုသမှုခံယူခဲ့ရသဖြင့် မြန်မာ့လက်ရွေးစင်အသင်း၏ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ ဒီဇင်ဘာ ၉ ရက်တွင် စတင်ကျင်းပမည့် Asean Cup 2024 ပြိုင်ပွဲတွင်လည်း ပါဝင်နိုင်ရန် ၎င်း၏ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။
အောင်သူသည် ၂၀၁၈ ခုနှစ်မှစတင်ကာ ပြည်ပကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ငါးသင်းမြောက် ထိုင်းကလပ်အသင်းအဖြစ် အူထိုင်းထာနီအသင်းတွင် ကစားနေခြင်းဖြစ်သည်။ အောင်သူသည် ယခုရာသီတွင် အူထိုင်းထာနီအသင်းအတွက် ပွဲအနည်းငယ်သာ ကစားရသေးပြီး ယခု ဒူးခွဲစိတ်ခဲ့သဖြင့် ပထမအကျော့ပွဲစဉ်များကို ထပ်မံလွဲချော်မည်ဖြစ်သည်။
အောင်သူသည် ထိုင်းကလပ်များဖြစ်သည့် Police Tero အသင်း၊ မြောင်တောင်ယူနိုက်တက်အသင်း၊ ဘူရီရမ်ယူနိုက်တက် အသင်း၊ လမ်ဖွန်ဝါရီယာအသင်းတို့တွင် ကစားခဲ့ပြီး ပထမဆုံးကစားသည့် Police Tero အသင်းတွင်သာ ပုံမှန်ကစားခွင့်ရခဲ့ပြီး ကျန်အသင်းများတွင် ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရသည်။
အောင်သူသည် ယခု ကစားနေသည့် အူထိုင်းထာနီအသင်းတွင် ပြီးခဲ့သည့်ရာသီကတည်းက ပါဝင်ကစားနေခြင်းဖြစ်ပြီး လမ်ဖွန်ဝါရီယာအသင်းတွင် လက်ရွေးစင်ကစားဖော် မောင်မောင်လွင်နှင့် တစ်သင်းတည်း ကစားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
