စီးရီးအေကလပ် ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းစု Friedkin Group သည် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းအား ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Friedkin Group ကို အမေရိကန်ဘီလျံနာ ဒန်ဖရိုက်ကင်က ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းသည် ပေါင် (၅.၇)ဘီလီယံဝန်းကျင် ကြွယ်ဝချမ်းသာသူဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။ အဲဗာတန်အသင်းကို လက်ရှိအချိန်တွင် ဗြိတိန်- အီရန် လုပ်ငန်းရှင် ဖာဟက်မိုရှီရီက ပိုင်ဆိုင်ထားပြီး ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဲဗာတန်အ သင်းသည် ပရီးမီးယားလိဂ်မှ တန်းမဆင်းဖူးသေးသည့် အနည်းငယ်သော အသင်းစာရင်းတွင် ပါဝင်နေသော်လည်း ဘဏ္ဍာရေးပြဿနာကြောင့် ပြီးခဲ့သည့်ရာသီ၌ အမှတ်လျှော့ပြစ် ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသလို၊ ယခုရာသီတွင်လည်း အမှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရနိုင်ကြောင်း ထင်ကြေးပေးမှုများ ရှိနေသည်။
ထို့ကြောင့် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရမည့်အခြေအနေဖြစ်လာသောကြောင့် မိုရှီရီက ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Friedkin Group သည် မိုရှီရီပိုင်ဆိုင်ထားသည့် ရှယ်ယာ(၉၄%)ကို ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်၏ ခွင့်ပြုလက်ခံမှုကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
