ဘာစီလိုနာအသင်းသည် ဒူးဒဏ်ရာရရှိမှုကြောင့် ရာသီကုန်အထိ အနားယူရတော့မည့် ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန် ဂိုးသမားသစ် ရှာဖွေလျက်ရှိကြောင်း သိရသည်။
ဗီလာရီးယဲလ် (၁-၅) ဘာစီလိုနာပွဲစဉ်၌ စတီဂန်မှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ စတီဂန်သည် ပထမပိုင်းပြီးခါနီးတွင် ဗီလာရီးယဲလ်အသင်း၏ ထောင့်ကန်ဘောကို ကာကွယ်ဖမ်းယူစဉ် ခြေတစ်ဖက်ထောက်ဖြင့် မြက်ခင်းပေါ်သို့ ပြုတ်ကျခဲ့သည်။ ထို့နောက် ကစားသမားများက ဆေးအကူအညီချက်ချင်းရယူရန် အလျင်အမြန်တောင်းဆိုခဲ့ပြီး ၎င်းအား ထမ်းစင်ဖြင့် သယ်ထုတ်သွားပြီးနောက် ဗီလာရီးယဲလ်အသင်း၏ကွင်းအနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
စတီဂန် (၃၂ နှစ်)၏ ဒဏ်ရာမှာ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်ပြီး အသင်းတွင် အာရူဟို၊ ခရစ္စတန်ဆန်၊ ဘာနယ်လ်၊ ဒီယွန်း၊ ဂါဗီ၊ ဖာမင်လိုပက်ဇ်၊ အော်လ်မိုတို့မှာလည်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ဘာစီလိုနာအသင်းက စတီဂန်၏ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အနားယူရမည့်ကာလကို ဖော်ပြခြင်းမရှိသော်လည်း ခုနစ်လမှ ရှစ်လ အထိ အနားယူရမည်ဟု သတင်းများက အတိအလင်းရေးသားခဲ့ကြသည်။
ဘာစီလိုနာအသင်းတွင် အရန်ဂိုးသမားအဖြစ် အီညာကီပယ်ညာသာ ရှိနေပြီး အကယ်ဒမီမှ ဆယ်ကျော်သက်ဂိုးသမားများကို ခေါ်သုံးခြင်းထက် စျေးကွက်တွင် အသင်း လက်မဲ့ဖြစ်နေသည့် ၀ါရင့်ဂိုးသမားများကို ခေါ်ယူသွားဖွယ်ရှိနေကြောင်း သတင်းများ က ဖော်ပြခဲ့ကြသည်။ မကြာသေးမီကမှ PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးထားသည့် ရီးယဲလ်မက်ဒရစ်ဂိုးသမားဟောင်း နာဗတ်စ်မှ ဘာစီလိုနာအသင်းပစ်မှတ်တွင် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ ထို့ပြင် ကစားသမားဘဝမှ အနားယူထားသည့် ဆဇက်စနီ(၃၄ နှစ်)နှင့် အသင်းဂိုးသမားဟောင်း ဘရာဗို(၄၁ နှစ်)တို့မှာလည်း ဘာစီလိုနာအသင်းမှ ခေါ်ယူလျှင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ဖွယ်ရှိနေသည်။
လက်ရှိအပြောင်းအရွှေ့စျေးကွက်၌ အသင်းလက်မဲ့ဖြစ်နေသည့် ဂိုးသမားများအဖြစ် ကာရီယပ်စ်၊ မာရှစ်၊ ဗက်ချလစ်ခ်၊ လယ်တယ်လီယာနှင့် ဘာဒီယာစသူတို့ ရှိနေသော်လည်း ဘာစီလိုနာအသင်းအနေဖြင့် ဂိုးသမားသစ် ခေါ်ယူဖြစ်လျှင် ထိပ်တန်းကလပ်များတွင် ကစားဖူးသည့် ၀ါရင့်ကစားသမားများသာ စာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
