◘ ဆီဗီလာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၄ ရက် ည ၁၁း၃၀ နာရီ)
ဆီဗီလာရဲ့ခြေစွမ်းက အားရစရာမရှိသေးဘူး။ ဒါပေမဲ့ အိမ်ကွင်းအားနဲ့တော့ ကစားပြနိုင်နေပြီး ကြိုးစားမှုအားကောင်းတယ်။ ဗယ်လာဒိုလစ်ကလည်း ဒီရာသီအဝေးကွင်းကစားပုံ ဆိုးရွားနေပေမဲ့ အစဉ်အလာမှာတော့ ဆီဗီလာကွင်းမှာလည်း အကောင်းဆုံးခံကစားပြတာမျိုးတော့ ရှိနေတယ်။ ကစားရခက်နိုင်ပေမဲ့ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။
◘ ဗလင်စီယာ - အိုဆာဆူနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၄ ရက် ည ၁၁း၃၀ နာရီ)
အိမ်ကွင်းမှာ ဗလင်စီယာ ကြိုးစားသလောက် အရာမထင်သေးသလိုဖြစ်နေတယ်။ အိုဆာဆူနာကစားပုံကလည်း ဗလင်စီယာထက် ပိုငြိမ်လာတာတွေ့ရလို့ မက်စ်တဲလားမှာ အိမ်ရှင်ကို ထိန်းကစားသွားနိုင်မယ့်ပုံတော့ ပေါ်နေတယ်။ တိုက်စစ်အားနည်းတဲ့ ဗလင်စီယာကြောင့် အိုဆာဆူနာတို့ သရေတော့ မျှော်လင့်နိုင်မယ်ထင်တယ်။ ဂိုးလည်းနည်းမယ်။
◘ ရီးယဲလ်မက်ဒရစ် - အလာဗတ်စ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကလည်း ဒဏ်ရာရကစားသမားတွေ ပြန်ကစားနိုင်ခြင်းနဲ့အတူ ကစားပုံလည်း ပြန်တက်လာသလို တွေ့ရတယ်။ ခံစစ်ပိုင်းမှာ အနည်းငယ်အားနည်းသလိုရှိပေမဲ့လည်း အလာဗတ်စ် တိုက်စစ်ကစားပုံက အဝေးကွင်းမှာ အားပျော့နေလို့ ရီးယဲလ်ခံစစ်အတွက် စိုးရိမ်စရာမရှိပါဘူး။ ဒါကြောင့် ဒီပွဲရဲ့အဓိကအဖြေက ရီးယဲလ်တိုက်စစ်ပိုင်း အစွမ်းပြနိုင်ဖို့ပါပဲ။ အလာဗတ်စ်ရဲ့ ဒီရာသီအဝေးကွင်းခံစစ်ကစားပုံကလည်း အားရစရာမရှိလို့ ရီးယဲလ် ဂိုးရဖို့အခက်အခဲမရှိနိုင်ဘူးထင်တယ်။ ဘာနေဗျူးမှာ ရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
